မီးဘေးဒုက္ခနဲ့ကြုံနေရတဲ့ အစ္စလာမ်ဘာသာဝင်ပြည်သူတွေကို စေတနာအပြည့်နဲ့ကူညီပေးခဲ့ကြတဲ့ ရဟန်းတော်များနဲ့စိန့်ဂျိုးဇက်ကတ်သလစ်သီလရှင်များ

//s9.kh1.co/b5/b58b63d0de9e8fe5250cdf252ca5b8a7fd5d6c4d.jpeg
နေ့စဉ်သတင်းများ

 ၁၅-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မီးဘေးဒုက္ခနဲ့ကြုံနေရတဲ့ အစ္စလာမ်ဘာသာဝင်ပြည်သူတွေကို စေတနာအပြည့်နဲ့ကူညီပေးခဲ့ကြတဲ့ ရဟန်းတော်များနဲ့စိန့်ဂျိုးဇက်ကတ်သလစ်သီလရှင်များ

လက်ရှိအချိန်မှာဆိုရင် တချို့ပြည်နယ်၊မြို့နယ်တွေမှာ မီဘေးအန္တရာယ်တွေနဲ့ကြုံတွေ့နေရပြီး မိမိတို့ရဲ့ အိုးအိမ်၊စည်းစိမ်တွေ ဆုံးရှုံးနေရတာပဲဖြစ်ပါတယ်။ဧပြီလ(၁၃)ရက်နေ့၊နံနက်(၄)နာရီဝန်းကျင်ကဆိုရင်လည်း မန္တလေးမြို့၊၃လမ်း၊နွားခြံကုန်းရပ်ကွက်၊သူကြီးလမ်းသွယ်မှ အိမ်ခြေ(၄၀)ခန့် မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့လည်း မိမိတို့ရဲ့နေအိမ်တွေကို ဆုံးရှုံးသွားရလို့ လက်ရှိမှာတော့ အဆင်ပြေသလိုသာနေထိုင်နေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မီးလောင်ကျွမ်းသွားတဲ့နေအိမ်တွေထဲမှာ အစ္စလာမ်ဘာသာဝင်ပြည်သူတွေရဲ့ နေအိမ်တွေလည်း အများအပြားပါဝင်နေတာဖြစ်ပါတယ်။ဒါ့ကြောင့် မီးဘေးအခက်အခဲနဲ့ကြုံတွေ့နေရတဲ့ပြည်သူတွေကို ဗုဒ္ဓဘာသာ၊သံဃာ့သမဂ္ဂဆရာတော်၊ရဟန်းတော်များနဲ့ စိန့်ဂျိုးဇက်ကတ်သလစ်သီလရှင်များက အတူတကွသွားရောက်ပြီး လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။ရဟန်းတော်များနဲ့ ကတ်သလစ်သီလရှင်များကတော့ အစ္စလာမ်ဘာသာဝင်ပြည်သူတွေအတွက် အလှူငွေများနဲ့ စားသောက်ကုန်တွေကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder  
Photo Credit: Original Uploder  
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မီးဘေးဒုက္ခကိုခံစားနေရတဲ့ပြည်သူတွေအနေနဲ့လည်း အခုလိုမျိုး တစ်နိုင်တစ်ပိုင်လေး လာရောက်လှူဒါန်းကြတဲ့ရဟန်းတော်များနဲ့ ကတ်သလစ်သီလရှင်တွေကို ကျေးဇူးတင်နေကြတာဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာပြည်သူတွေက ဘာကိုမှမခွဲခြားဘဲ အကုန်လုံးကို တပြေးညီကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။စေတနာ၊မေတ္တာရှေ့ထားပြီး အစ္စလာမ်ဘာသာဝင်ပြည်သူတွေကို ကူညီလှူဒါန်းခဲ့ကြတဲ့ ရဟန်းတော်တွေနဲ့ ကတ်သလစ်သီလရှင်တို့ရဲ့ ပီတိဖြစ်စရာပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T