သင်္ကြန်မှာအတူမရှိနိုင်ပေမယ့် နှစ်သစ်ဆုတောင်းတွေနဲ့ အစစအရာရာဂရုစိုက်ကြဖို့ ပရိသတ်တွေကိုပြောလာတဲ့ Rဇာနည်

//s9.kh1.co/49/49e1b5dec1223b6efc05913bb30270ec261ef4d3.jpg
အနုပညာရှင်များ

 ၁၄-ပြီ-၂၀၂၁ ၁၀pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းတွေကြောင့် ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာရပ်တည်လျှောက်လှမ်းနေတဲ့ အဆိုတော် Rဇာနည်ကတော့ ပြည်သူတွေနဲ့ တစ်သားတည်းပါဝင်နေသူပဲ ဖြစ်ပါတယ်..။

လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလအစပိုင်းကတည်းက ပြည်သူပရိသတ်တွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်နေပြီး အလှူအတန်းတွေကိုလည်း ပြုလုပ်နေတာပါ..။

Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page

တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားကာ အားဖြည့်ပါဝင်နေတဲ့ Rဇာနည်ကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး လတ်တလောမှာလည်း ပြည်သူတွေအတွက် ဆုတောင်းစကားတွေနဲ့အတူ အားပေးစကားတွေ ပြောလာပါတယ်..။

ချစ်ရတဲ့ပြည်သူပရိသတ်တွေနဲ့ သင်္ကြန်မှာအတူမရှိနိုင်ပေမယ့် နှစ်သစ်ဆုတောင်းစကားတွေပြောကာ အရေးတော်ပုံအောင်ပြီး လာမယ့်နှစ်မှာ နှစ်ဆတိုးပျော်ကြမှာမို့ အစစအရာရာဂရုစိုက်ကြဖို့ကို အါးပေးပြောပြလာတာပဲ ဖြစ်ပါတယ်..။

Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page

"ချစ်ရတဲ့ ပရိသတ်ကြီးအားလုံး နေကောင်းကျန်းမာကြပါစေလို့ ဦးစွာပထမဆုမွန်ကောင်းတောင်းပေးချင်ပါတယ် သင်္ကြန်အတူမရှိရတာ ဒီနှစ်နဲ့ဆို နှစ်နှစ်ရှိပါပြီ မြန်မာပြည်ကြီး မကြာခင် ငြိမ်းချမ်းသွားပြီး လာမယ့်နှစ် သင်္ကြန်ကို နှစ်ဆတိုးပြီး ပျော်ကြမယ် အတူတူဆင်နွှဲကြမယ် ချစ်ရတဲ့ပရိသတ်ကြီးအားလုံး အသွားအလာ အနေအထိုင် အထူး

ဂရုစိုက်ကြပါ အားလုံးလည်းအန္တရာယ်ကင်း ဘေးရှင်းကြပါစေ လို့ဆုတောင်းပေးပါတယ်??????

အရေးတော်ပုံအောင်ရမည်.." ဆိုပြီး ဆုတောင်းဆိုကာ ရေးသားထားတာပဲ ဖြစ်ပါတယ်..။

ဝရမ်းထုတ်ခံထားရတဲ့ အခုလိုအချိန်ကာလမှာ ပရိသတ်တွေကလည်း Rဇာနည်ကို စိတ်ပူကာ ဂရုစိုက်ဆုတောင်းစကားတွေပြောထားသလို အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page
Photo Credit - R Zar Ni's Fb Page

သတင်း အရင်းအမြစ်R Zar Ni's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T