ပရိသတ်ကြီးရေ.. မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်သလို ပရဟိတအလုပ်တွေကိုလည်း လုပ်ဆောင်နေတဲ့ သရုပ်ဆောင်မင်းသားဝေဠုကျော်ကတော့ ပြည်သူတွေနဲ့တစ်သားတည်း ရှိနေသူပဲ ဖြစ်ပါတယ်..။
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း လိုအပ်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် နေ့တိုင်းလိုလို လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေကာ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။
ဝေဠုကျော်ကတော့ ပရိသတ်တွေကြားပြန့်နှံ့နေတဲ့ ကောလဟာလသတင်းအမှားတွေနဲ့ ပတ်သက်ပြီး မဟုတ်တဲ့အကြောင်းပြန်လည်ဖြေရှင်းပြောပြထားသလို စိတ်အနှောက်အယှက်တွေရှိနေတဲ့ကြားက ပြည်သူတွေအတွက် လှူဒါန်းမှုတွေ မပျက်မကွက်ပြုလုပ်ပြင်ဆင်နေတာ တွေ့ရပါတယ်..။
ဒီကနေ့ သင်္ကြအကျနေ့မှာလည်း စားဝတ်နေရေးခက်ခဲနေတဲ့ပြည်သူတွေအတွက် စားသောက်ကုန်တွေ ကိုယ်တိုင်ကိုယ်ကျလိုက်လံ ပေးဝေလှူဒါန်းပြီး နောက်နေ့တွေအတွက်လည်း အပင်ပန်းခံကာ ပြင်ဆင်ထုတ်ပိုးနေတာ ဖြစ်ပါတယ်..။
"14-4-2021
နိုင်ငံရေးအကြပ်အတည်းကာလ မှာ နွမ်းပါးပြည်သူတွေအတွက် စားသောက်ကုန် လိုက်လှူပေးတာ မိသားစု ၁၅၀၀အထိ လှူပေးပြီးပါပြီ။
မိသားစု ၂၀၀၀ အထိ အလှူရှင် ရရှိထားပါတယ်။
မိသားစု ၃၀၀၀ အထိ အလှူရဖို့ ကြိုးစားရှာရပါဦးမယ်။
သြက်န်ကာလ အတွင်းလည်း စားသောက်ရေးအဆင်ပြေဖို့
နေ့စဉ် လိုက်လှူပေးနေပါတယ်။
ကိုဝေဠုလည်း သင်္ကြန်တွင်း
နေ့စဉ်အလှူရှိနေတာတောင် ကောလဟာလတွေ သတင်းမှားတွေ လိုက်ဖြန့်နေတဲ့သူတွေက ရှိနေပါသေးတယ်။
သင်္ကြန်ဘယ်ခရီးမှ မသွားပါဖူး။
ရန်ကုန်မှာပဲ ရှိနေပါတယ်။
အလှူပို့စ်တိုင်းမှာ သူ့ပုံကို ထိပ်ဆုံးကတင်ထားပါတယ်။
ဝေဠုကျော်ဖောင်ဒေးရှင်း
09455500010(K pay)(U Soe Thein)
09455500014
09776089484(Wave). ." ဆိုပြီး ဖောင်ဒေးရှင်းရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာဖြစ်ပြီး ပရိသတ်တွေကလည်း အားပေးထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Wai Lu Kyaw Foundation's Fb Page