ဟိန်းဝေယံကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။ ကုသိုလ်ရေးမှာလည်း လက်မနှေးတတ်သူဖြစ်ပြီး အလှူအတန်းတွေလည်း မကြာခဏ ပြုလုပ်သူ ဖြစ်ပါတယ်။ ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူဖြစ်တာကြောင့် အားလုံးက ချစ်ခင်အားပေးနေကြတာလည်း ဖြစ်ပါတယ်။
လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုဝင်များကိုလည်း ကိုယ်တိုင်သွားရောက်ကာ သွားရောက် လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်စေရန်အတွက် သူ့ရဲ့ လူမှုကွန်ယက်တွင် ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့က သင်္ကြန်အကြိုနေ့မှာလည်း အလှူအတန်းတွေ ပြုလုပ်ခဲ့တာတွေကို တင်ပေးထားတာပါ။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဟိန်းဝေယံရဲ့ Facebook အကောင့်တွင် သင်္ကြန်အကျနေ့တွင်(၇)ရက်သားသမီးများနှင့်အတူ သံဃာတော်များအား ကုသိုလ်ပါဝင် လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ သူမကလည်း " သင်္ကြန်အကျနေ့ နေ့ဆွမ်းအလှူ
(၇)ရက်သားသမီးများနှင့်အတူ ကျွန်တော်တို့မိသားစုလည်း ကုသိုလ်ပါဝင်လှူဒါန်းဖြစ်ပါတယ်ခင်ဗျာ..
ဘေးအန္တရာယ်ကင်းရှင်းသော ရက်မြတ်များဖြစ်ကြပါစေ... ???" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Hein Wai Yan’s Facebook Account