သရုပ်ဆောင် ဝေဠုကျော်ကတော့ အနုပညာလှုပ်ရှားမှုတွေကိုသာမကဘဲ ပရဟိတလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးကတော့ သူ့ကို ပရဟိတသူရဲကောင်းလို့တောင် တင်စားခေါ်ဝေါ်နေကြတာလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားပြီး ပြည်သူတွေရဲ့လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးနေတာပါ။
နေ့စဉ်ရက်ဆက် မမောနိုင်မပန်းနိုင်အောင် ကုသိုလ်ရေးအတွက် ဆောင်ရွက်နေတာကို မြင်တွေ့ရသည်မှာ ကြည်နူးစရာကောင်းလှပါတယ်နော်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ဝေဠုကျော်ဖောင်ဒေးရှင်းFacebook Page တွင် စားဝတ်နေရေး ခက်ခဲနေတဲ့ တောင်ဒဂုံ ငှက်ပျောတောကျူးက အိမ်ထောင်စုတွေကို လိုအပ်တာများကို အလှူရှင်များကိုယ်စား သွားရောက် လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။
သူကလည်း " 14-4-2021
သကြ်န်တွင်းအလှူ
အလှူရှင်များကိုယ်စား
တောင်ဒဂုံ ၅၃ မိသားစုသို့ အလှူ
ဝေဠုကျော်ဖောင်ဒေးရှင်းမှ
တောင်ဒဂုံမြို့နယ်၊ ၆၆ ရပ်ကွက် (ငှက်ပျောတောကျူး) မှ
၅၃ မိသားစုသို့ သွားရောက် ကူညီထောက်ပံ့ပေးခဲ့ပါသည်။
တစ်အိမ်ထောင်လျှင်
ဆန် ၃ပြည်
ကြက်သွန်နီ ၅၀သား
ကြက်ဥ ၁၀လုံး
ငါးပိ ၂၀သား
တို့ကို လှူပေးခဲ့ပါတယ်။
အလှူသွားခဲ့တဲ့ ကျူးရပ်ကွက်လေးထဲ အလှူ့ဒကာရှိလို့
ရဟန်းခံရှင်ပြုအလှူရှိနေပါတယ်။
ဖောင်ဒေးရှင်းနဲ့အတူ
ပါလာတယ့် အလှူရှင် ဒေါ်ဆွေဆွေသင်းက ကလေးတွေကို မုန့်ဝေပြီး ကိုရင်လေးတွေကိုလည်း ဝတ္ထုကပ်ပါတယ်။
ရပ်ကွက်ထဲ အမွှာ ကလေး၂ယောက်အတွက်လည်း ဖောင်ဒေးရှင်းမှ နိူ့မှုန့်ဖိုး လှူပေးခဲ့ပါသေးတယ်။
ကိုဝေဠုကို တွေ့ရတော့
အလှူနေ့မှာ အားလုံး ပျော်ရွှင်ကြလို့ပေါ့။
အလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါတယ်။ " ဆိုပြီး ရေးသားထားတာဖြစ်တာကြောင့် ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်အောင် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Wai Lu Kyaw Foundation’s Facebook Page