စူးရှထက်ကတော့ ပရိသတ်တွေရဲ့ အားပေးနှစ်သက်မှုကို သိမ်းပိုက်ရရှိထားတဲ့ မော်ဒယ်တစ်ဦး ဖြစ်ပါတယ်။ အရေးကြုံလာတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့အတွက်လည်း အားလုံးက ချီးကျူးနေကြတာပါ။ လက်ရှိအခြေအနေတွေကြောင့် ခက်ခဲနေတဲ့ ပြည်သူတွေကိုလည်း တတ်နိုင်သလောက်ကူညီထောက်ပံ့ ပေးနေတာလည်း ဖြစ်ပါတယ်။
စားဝတ်နေရေး ခက်ခဲတဲ့ ပြည်သူတွေကို လှူဒါန်းရန်အတွက် သူမရဲ့ ကိုယ်ပိုင်ကားကိုပါ ရောင်းချထားတာ ဖြစ်ပါတယ်။ လူတိုင်းကို စေတနာအရင်းခံကာ ကူညီတတ်တဲ့ စူးရှထက်ရဲ့ စိတ်ထားလေးကတော့ လေးစားစရာပါပဲနော်။ အလှူပုံရိပ်တွေ မတင်ဖြစ်တဲ့ အကြောင်းရင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် " နေလည်းကောင်းပါတယ် အစစ အရာရာလည်း
အဆင်ပြေပါတယ် စိတ်မပူကြနဲ့နော် အလှူပုံတွေက
အခြေအနေကြောင့်မတင်တော့တာပါ???" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် သင်္ကြန်လေးရက်လုံး ဘယ်မှမထွက်ဘဲ တစ်နေ့တစ်နေ့ ပျော်အောင်နေနေရတဲ့ အကြောင်းကိုလည်း ဝမ်းနည်းစွာ ရေးသားထားပါတယ်။ " တစ်နေ့တစ်နေ့ပျော်အောင်နေနေရတာ?
ဝမ်းနည်းတယ် ငိုမိတယ် ?
ဒါပေမဲ့ မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့တယ်
ကျေးဇူး မမေ့ပါဘူး???" ဆိုပြီး ရေးသားထားတာဖြစ်လို့ ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Zar Chi’s Facebook Account