မိသားစုကိုရှာဖွေကျွေးမွေးနေတဲ့ သားကြီးက အသက်ပေးသွားခဲ့ရတာကြောင့် အားကိုးမဲ့သွားရရှာတဲ့ ကိုသက်ဦးရဲ့မိခင်ကြီး

//s9.kh1.co/55/552f1d9ae475b7685788aa3ed172eb79e4feb626.jpeg
နေ့စဉ်သတင်းများ

 ၁၃-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

မိသားစုကိုရှာဖွေကျွေးမွေးနေတဲ့ သားကြီးက အသက်ပေးသွားခဲ့ရတာကြောင့် အားကိုးမဲ့သွားရရှာတဲ့ ကိုသက်ဦးရဲ့မိခင်ကြီး

ယခုလက်ရှိအချိန်ထိကျဆုံးသွားတဲ့ပြည်သူတွေထဲမှာ မိသားစုအတွက် အားကိုး၊အားထားပြုနေရတဲ့သူရဲကောင်းတွေလည်း အများအပြားပါဝင်နေတာဖြစ်ပါတယ်။(၉.၄.၂၀၂၁)ရက်နေ့က ပဲခူးမြို့မှာ ကျဆုံးသွားတဲ့သူရဲကောင်းကိုသက်ဦး(ခ)ကိုသီဟ(ခ)ကိုကပ္ပလီကတော့ မုဆိုးမမိခင်ကြီးနဲ့ ညီမလေးနှစ်ယောက်ကို လုပ်ကျွေးပြုစုပေးနေတဲ့အကြီးဆုံးသားတစ်ယောက်ဖြစ်ပါတယ်။ကိုသက်ဦးက ခြေထောက်ကိုကျည်ထိမှန်သွားလို့ မပြေးနိုင်ဘဲဖြစ်နေတဲ့အချိန်မှာ သူ့ကိုဆိုင်ကယ်မှာကြိုးနဲ့ချည်ပြီး ဒရွတ်တိုက်ဆွဲခံခဲ့ရလို့ ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တစ်မိသားစုလုံးအတွက် အားကိုးနေရတဲ့ သားဖြစ်သူက ဆုံးပါးသွားတာကြောင့် မိခင်ကြီးအနေနဲ့လည်း ပူဆွေးသောကရောက်နေရတာဖြစ်ပါတယ်။ကိုသက်ဦးကတော့ စိတ်ထားအရမ်းကောင်းပြီး ပရဟိတစိတ်ဓာတ်လည်းအပြည့်ရှိတာကြောင့် ဘယ်နေရာမှာမဆို ရှေ့ဆုံးကနေပါဝင်ကူညီပေးတတ်သူဖြစ်ပါတယ်။ကိုသက်ဦးကို ရပ်ကွက်နေပြည်သူတွေက ကိုကပ္ပလီလို့သာ ခေါ်ဝေါ်ကြပြီး သူ့ရဲ့စိတ်ထားကြောင့် လေးစားချင်ခင်နေရတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း အသက်ပေးသွားခဲ့ရတဲ့ ကိုသက်ဦးရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို ပြည်သူတွေက တတ်နိုင်သလောက်ကူညီဖေးမပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သူရဲကောင်းကိုသက်ဦးရဲ့ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်ကို ကောင်းမွန်စွာပို့ဆောင် သင်္ဂြိုဟ်ခဲ့ပြီး(၁၅.၄.၂၀၂၁)ရက်နေ့မှာတော့ ရက်လည်ဆွမ်းကျွေးတရားနာကြမှာဖြစ်ပါတယ်။ကိုသက်ဦးရဲ့ မိခင်ကြီးနဲ့ညီမလေးနှစ်ယောက်အတွက် ပြည်သူလူထုကလည်း တတ်နိုင်သလောက်ဝိုင်းဝန်းလှူဒါန်းပေးကြတာဖြစ်ပါတယ်။နောက်ထပ်လှူဒါန်းချင်တဲ့ စေတနာရှင်တွေအတွက်လည်း (ပဲခူးမြို့၊ဥဿာမြို့သစ်(၇/၄) ကျွန်းသာယာရပ်ကွက်၊တပင်ရွှေထီး(၁)လမ်း)ကို ကိုယ်တိုင်သွားရောက်လှူဒါန်းလို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T