သင်္ကြန်အကြိုနေ့မှာပဲ အတာရေအိုးတွေနဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ စမ်းချောင်းကပြည်သူများ

//s9.kh1.co/09/093cc140c1e37757deca72a9b4b1520a6cd6ed75.jpeg
နေ့စဉ်သတင်းများ

 ၁၃-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

ဒီနေ့ ဧပြီလ (၁၃) ရက်နေ့ဟာဆိုရင် မြန်မာပြည်သူပြည်သားတွေ မြတ်နိုးတန်ဖိုးထားကြတဲ့ သင်္ကြန်ပွဲတော် အကြိုနေလေးပဲဖြစ်ပါတယ်။လတ်တလောဖြစ်ပေါ်နေတဲ့ ဒီလို အခြေအနေဆိုးကြီးမှာဆိုရင်တော့ သင်္ကြန်ပွဲတော်ကြီးကို မြန်မာနိုင်ငံအနှံအပြားက ပြည်သူတွေဟာ ညီညီညွတ်ညွတ်နဲ့ လူငယ်တွေကအစ မဆင်နွှဲကြတာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ဒါပေမယ့် ဒီနေ့မှာတော့ အတာအိုးလေးတွေကို အရောင်လေးတွေမျိုးစုံခြယ်သကာ မိမိတို့စိတ်ထဲက ခံစားချက်လေးတွေကို ချရေးရင်း နေရာအနှံအပြားမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာကိုလည်းတွေ့မြင်ရပါတယ်။တစ်ချို့ကလည်း မုန့်လုံးရေပေါ်တွေကို လုံးရင်း နွေဦးတော်လှန်ရေး ခေါင်းစဉ်တွေနဲ့ လှုပ်ရှားမှုမျိုးစုံကို ဖန်တီးကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာကိုလည်း တွေ့မြင်ရပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ဒီလို အတာရေအိုးနဲ့ ဆန္ဒထုတ်ဖော်ကြတဲ့ မြို့နယ်တွေထဲမှာ စမ်းချောင်းကပြည်သူတွေလည်း အပါအဝင်ပါပဲနော် ။ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပြည်သူတစ်ဦးဟာဆိုရင်လည်း " " အတာအိုး ဆန္ဒထုတ်ဖော်မှုပြုလုပ်ရတဲ့အကြောင်းရင်းကတော့ ကျွန်တော်တို့ ဒီနှစ်သင်္ကြန်က ပျော်စရာသင်္ကြန်မဟုတ်တော့ဘူး၊ ပြည်သူတစ်ရပ်လုံးအခက်အခဲဖြစ်နေတဲ့အချိန်မှာ အပျော်တွေလုပ်နေဖို့ထက်၊ အာဏာရှင်စနစ်အမြန်ဆုံးပျောက်သွားဖို့ကိုပဲကျွန်တော်တို့ စိတ်ထဲရှိတော့တယ်။ အဲ့တာကြောင့် ဒီနေ့မနက် အတာအိုး လူထုလှုပ်ရှားမှုမှာလည်း အတားအဆီးတွေနဲ့ ဘယ်လိုပဲဝင်ဖမ်းဖမ်း၊ ဘယ်လိုပဲဖြိုခွဲခဲ့ပါစေ၊ ကျွန်တော်တို့တွေ အောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ် " လို့ သူရဲ့ ခံစားချက်တွေကို ခုလိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T