လှိုင်သာယာမြို့နယ်မှ အိမ်ထောင်စု (၁၅၀) အတွက် လိုအပ်တဲ့ ပစ္စည်းများ ထောက်ပံ့ကူညီ လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/a4/a48206426efb4d7124dc69423f289e0c638fe9ef.jpeg
အနုပညာရှင်များ

 ၁၂-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ဝေဠုကျော်ကတော့  အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ဦး  ဖြစ်ပါတယ်။  အနုပညာလှုပ်ရှားမှုတွေအပြင်   လိုအပ်တဲ့ နေရာတိုင်းကို  အမြဲကူညီဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိနေတဲ့  ပရဟိတသူရဲကောင်း တစ်ဦးအဖြစ် ပရိသတ်တွေက  သတ်မှတ်ထားကြတာလည်း  ဖြစ်ပါတယ်။ ဒ့ါအပြင်  ဝေဠုကျော် ဖောင်ဒေးရှင်းကို တည်ထောင်ထားကာ ပြည်သူတွေ အဆင်မပြေမှုများကိုဖြည့်ဆည်းပေးနေတာပါ။

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

လတ်တလောအခြေအနေတွေကြောင့်  စားဝတ်နေရေး  အဆင်မပြေကြသူတွေ  များစွာ ရှိနေတာပါ။  လက်ရှိ ဖြစ်နေသော အဆင်မပြေမှုများကိုလည်း  ပြည်သူတွေအချင်းချင်း ဖေးမကူညီပေးနေတာကို မြင်ရသည်မှာ ဝမ်းမြောက်ဂုဏ်ယူစရာပါပဲနော်။  ဝေဠုကျော်ကိုယ်တိုင်လည်း  သူ့ရဲ့ဖောင်ဒေးရှင်းသို့ လှူဒါန်းပေးကြသော  အလှူရှင်များကိုယ်စား  လိုအပ်နေတဲ့  ပြည်သူတွေထံ  သွားရောက် ထောက်ပံ့ပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ဝေဠုကျော်ဖောင်ဒေးရှင်း Facebook Page တွင် လှိုင်သာယာမြို့နယ်မှ အိမ်ထောင်စု (၁၅၀) အတွက် လိုအပ်တဲ့ ပစ္စည်းများ ထောက်ပံ့ကူညီ လှူဒါန်းပေးခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

" 12-4-2021

မြန်မာပြည်ကြီး ဘယ်လောက်ခက်ခဲနေပါစေ။

ထမင်းငတ်သူ မရှိစေရပါဘူး။

အလှူရှင်များ ကိုယ်စား

လှိုင်သာယာ အိမ်ထောင်စု ၁၅၀စုသို့ အလှူ

#ဝေဠုကျော်ဖောင်ဒေးရှင်းမှ

လှိုင်သာယာမြို့နယ်၊မြတောင်ဝန်ကြီးဦးမှိုလမ်း အတွင်းရှိ ကျူးအိမ်ထောင်စု ၁၅၀စု သို့ 

တစ်အိမ်ထောင်လျှင်

ဆန် ၃ပြည်

ကြက်ဥ ၁၀လုံး

ကြက်သွန်နီ ၅၀သား

ကုလားပဲ ၃၅ကျပ်သား တို့ကို သွားရောက် ကူညီထောက်ပံ့ပေးခဲ့ပါသည်။ " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီးပရိသတ်တွေလည်း  သာဓုခေါ်ဆိုနိုင်စေရန်  တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T