မျက်နှာဖုံးစွပ် လူထုလှုပ်ရှားမှုကြီးကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ စမ်းချောင်းက GenXYZ များ

//s9.kh1.co/0e/0eee87a176bef16a45c68dcfd0d7529e988fbfbd.jpeg
နေ့စဉ်သတင်းများ

 ၁၂-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

....

ရန်ကုန်တိုင်းအတွင်းမှာ ခုဆိုရင် အရင်လိုငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်တွေမရတော့ဘဲ ဖြိုခွင်းမှုတွေ အပစ်အခတ်တွေရှိလာတာကြောင့် လှုပ်ရှားမှုတွေမှာ လူအင်အားနည်းလာတာတွေ့ရပါတယ်။ဒါပေမယ့်လည်း ဘယ်လို အခက်အခဲတွေပဲ ရှိနေပါစေ လူငယ်မျိုးဆက်သစ်တွေကတော့ ဒီနေ့ထိ လှုပ်ရှားမှုမျိုးစုံကို သူတို့နေထိုင်ရာ မြို့နယ်အသီးသီးမှာ Genxyz တွေစုပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိနေဆဲဖြစ်ပါတယ်။

Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 

ခုဆိုရင်နေ့စဉ်တိုင်းလိုလို လှုပ်ရှားမှုများစွာကို နည်းမျိုးစုံသုံးကာ နေ့ရော ညပါ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ဆန္ဒထုတ်ဖော်နေကြတာ တကယ်ကို ကြက်သီးထရာမြင်ကွင်းတွေပါပဲနော်။ မနေ့ညကဆိုရင်လည်း Flash Strike Champaign လေးကို ည (၇:၀၀) နဲ့ (၉:၀၀) တို့မှာ မြန်မာနိုင်ငံအနှံအပြားက ပြည်သူများ မိမိတို့အိမ်ကနေပဲ အောင်မြင်စွာ ပါဝင်ဆင်နွဲခဲ့ကြတာကိုလည်း တွေ့မြင်ရပါတယ်။

Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 

အခုလည်း စမ်းချောင်းမြို့နယ်က GenXYZ တွေစုပြီး မျက်နှာဖုံးစွပ် လူထုလှုပ်ရှားမှုကြီးကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြန်ပါတယ်။ဒီလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူတစ်ဦးဟာဆိုရင်လည်း "  ဒီနေ့ ကျွန်တော်တို့ လူထုလှုပ်ရှားမှုကလည်း လူအရမ်းမများဘူး၊ အတူပါဝင်လာပေးတဲ့သူအနည်းငယ်လောက်နဲ့ပဲ ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒထုတ်ဖော်ပြီး လူစုခွဲလိုက်တယ်။ ကျွန်တော်တို့အင်အားတော့ နည်းလာတယ်၊ ဒါပေမယ့် ရှိသလောက်အင်အားနဲ့ အဆုံးထိသွားမှာပါ" လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T