စိတ်သဘောထားပြည့်ဝပြီး လူတိုင်းအပေါ် ကူညီချင်စိတ်ရှိတဲ့ ရဲတိုက်ရဲ့ မွေးနေ့ကို စိတ်မကောင်းစွာဖြင့် ဆုတောင်းပေးလိုက်တဲ့ သန္တာဗိုလ်

//s9.kh1.co/7a/7a2ba8c9e98791bfb3d4caaaf6b5aa6622e0e580.jpeg
အနုပညာရှင်များ

 ၁၂-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ရဲတိုက်ကတော့  သရုပ်ဆောင်တဲ့ နေရာတွင် ပီပြင်ပြောင်မြောက်လွန်းသူ ဖြစ်တာကြောင့်  ပရိသတ်တွေက  သဘာဝမင်းသားလို့တောင်  သတ်မှတ်ခြင်း ခံထားရသူ ဖြစ်ပါတယ်။  အကျဉ်းထောင်မှ လွတ်လာပြီးနောက်ပိုင်း  အနုပညာလှုပ်ရှားမှုတွေ  ဖြည်းဖြည်းချင်းစီ ပြန်လုပ်လာတာကြောင့်  ပရိသတ်တွေက  ဝမ်းသာနေကြတာလည်း  ဖြစ်ပါတယ်။  ဒါ့အပြင်  အရေးကြုံတဲ့အခါတိုင်း  ပြည်သူတွေဘက်ကနေ  မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့  စိတ်ထားပြည့်ဝတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Photo Crd-Ye Deight’s Facebook Account 
Photo Crd-Ye Deight’s Facebook Account 
Photo Crd-Ye Deight’s Facebook Account 
Photo Crd-Ye Deight’s Facebook Account 

သူကတော့  လက်ရှိ မြန်မာနိုင်ငံတွင်  ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ  တက်ကြွစွာ  ပူးပေါင်းပါဝင်ခဲ့သူလည်း  ဖြစ်ပါတယ်။ Defense Team မှ လူငယ်တွေနဲ့အတူ ရှေ့ဆုံးကနေ ကာကွယ်ပေးခဲ့တာကြောင့်  အားလုံးက ရဲတိုက်ကို ချီးကျူးနေကြတာလည်း  ဖြစ်ပါတယ်။   ဒီလိုအခြေအနေတွေကြောင့်  မကြာသေးခင် ရက်ပိုင်းက ရဲတိုက်အား ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပဲ  ဖြစ်ပါတယ်။ 

Photo Crd-Ye Deight’s Facebook Account 
Photo Crd-Ye Deight’s Facebook Account 
Photo Crd-Ye Deight’s Facebook Account 
Photo Crd-Ye Deight’s Facebook Account 

ပရိသတ်တွေနဲ့ အနုပညာအသိုင်းဝိုင်းက ညီအစ်ကိုမောင်နှမများကလည်း  ဒီသတင်းကြားကြားချင်းမှာဘဲ  ရဲတိုက်အတွက် စိတ်မကောင်းဖြစ်ခဲ့ကြရတာပါ။  မနေ့ကတော့ သရုပ်ဆောင် ရဲတိုက်ရဲ့ မွေးနေ့ဖြစ်ပြီး ချစ်ခင်ရသူတွေကသူ့အတွက် မွေးနေ့ဆုတောင်းတွေ ​တင်ထားကြတာကို မြင်တွေ့ကြရမှာပါ။  မင်းသမီး သန္တာဗိုလ်ရဲ့ Instagram လူမှုကွန်ယက်တွင်လည်း  ရဲတိုက်အတွက် မွေးနေ့ဆုတောင်းပေးထားပြီး အမြန်ဆုံး  ပြန်လည်လွတ်မြောက်ဖို့လည်းSpeak Out လုပ်ပေးနေတာဖြစ်တာကြောင့်  ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thandar Bo’s IG And Ye Deight’s Facebook Account 

Photo Crd-Thandar Bo’s IG Account 
Photo Crd-Thandar Bo’s IG Account 
Photo Crd-Ye Deight’s Facebook Account 
Photo Crd-Ye Deight’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T