မိတ်ဆွေများနဲ့ စုပေါင်းကာ စားဝတ်နေရေးခက်ခဲနေသော ပြည်သူတွေအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့တဲ့ ရေဗက္ကာဝင်း

//s9.kh1.co/1d/1d04d80add70e455361928be978e8b18eedbb2a1.jpeg
အနုပညာရှင်များ

 ၁၂-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ရေဗက္ကာဝင်းကတော့  အသံအေးအေးလေးဖြင့်  သီချင်းတွေကို  သီဆိုကာ  ပရိသတ်တွေရဲ့ အားပေးမှုကို  အခိုင်အမာရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။  စေတနာသဒ္ဒါတရား ထက်သန်သူမို့ အားလုံးက လေးစားချစ်ခင်နေကြတာပါ။  သူမရဲ့ ချွေးနည်းစာငွေများဖြင့် အလှူအတန်းတွေ လုပ်နေတာကိုလည်း  ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါနော်။

Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 

ရေဗက္ကာဝင်းကတော့  လတ်တလော အခြေအနေတွေကြောင့်  စားဝတ်နေရေး အဆင်မပြေဖြစ်နေကြတဲ့  ပြည်သူတွေအတွက် လိုအပ်တဲ့ စားသောက်ကုန်များကို  သူငယ်ချင်းများနဲ့ စုပေါင်းကာ လိုက်လံလှူဒါန်းနေတာလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင်လည်း  အလှူတွေ လုပ်နေတဲ့ ပုံရိပ်တွေကို  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှပေးနေတာ  ဖြစ်ပါတယ်။ မကြာသေးခင်  မိနစ်ပိုင်းလောက်ကလည်း  ရေဗက္ကာဝင်းရဲ့Facebook အကောင့်တွင်  မိတ်ဆွေများနဲ့ စုပေါင်းပြီး အိမ်ထောင်စု (၂၂၈) စုစာအတွက် စားနပ်ရိက္ခာပစ္စည်းတစ်ချို့ လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို တင်ထားတာ  ဖြစ်ပါတယ်။

Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 

သူမကလည်း " စေတနာရှင်များဖြစ်ကြတဲ့ 

အနုပညာပိုးသဘက် Shingni Nbat (မြစ်ကြီးနား)

ပထမမြန်မာနှစ်ခြင်းအသင်းတော် (SanFran)

Ma Yimar Tun (SanFran)

MaAngeli Nihoitial (Indianapolis)

Nestle Myanmar

တို့နဲ့စုပေါင်းပြီး 

ဝေလုဝန်ကျောင်းတိုက်

တောင်ဒဂုံကဆရာတော်

KBC (ကချင်နှစ်ခြင်းသာသနာအဖွဲ့ချုပ်)နဲ့

လိုအပ်နေတဲ့ပြည်သူများကို

ပေါ်ဆန်းမွှေး ၃ပြည်

နေကြာဆီ ၁လီတာ

ပဲကြာဇံ

ပဲနီလေး

Maggi စွယ်စုံသုံးဟင်းခတ်မှုန့်

တို့ကို အိမ်ထောင်စု (၂၂၈)စုစာ လှူဒါန်းခဲ့ပါတယ်ရှင်?

သားအိမ်ခြစ်ဖို့ အခက်အခဲဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးအတွက်လည်း ဆေးရုံတက်ဖို့ လှူဒါန်းပါဝင်ခဲ့ပါတယ်ရှင်?" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိနိုင်စေဖို့ တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Rebecca Win’s Facebook Account 

Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 
Photo Crd-Rebecca Win’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T