ကိုယ်တိုင်က ဝရမ်းထုတ်အရေးယူခြင်းခံထားရပေမယ့်လည်း ပြည်သူတွေ သွေးမအေးသွားစေဖို့ အားပေးစကားပြောလာတဲ့ အလင်းရောင်

//s9.kh1.co/d4/d41f1c9cd49ff33cae6aab35b7762a5a46f29194.jpg
အနုပညာရှင်များ

 ၁၁-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေများစွာရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောအလင်းရောင်ကတော့ ဖေဖော်ဝါရီလ တစ်ရက်နေ့ကတည်းက စတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပါဝင်ခဲ့သူပဲ ဖြစ်ပါတယ်..။

တက်ကြွစွာပါဝင်လှုပ်ရှားခဲ့တဲ့ အလင်းရောင်ကတော့ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်လုပ်ဆောင်ခဲ့တဲ့အပြင် ကျဆုံးသွားကြတဲ့သူရဲကောင်းတွေအတွက် လှူဒါန်းမှုတွေကိုလည်း သူငယ်ချင်းတွေနဲ့အတူ ပြုလုပ်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc

၅၀၅-က ဖြင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲမှာ အလင်းရောင်ကလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး ဖြိုခွင်းမှုတွေရှိနေတဲ့ကြားက သွေးအေးမသွားဘဲ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေတာသူလည်း ဖြစ်ပါတယ်..။

အလင်းရောင်ကတော့ လက်ရှိအခြေအနေတွေမှာ အမှုဖွင့်အရေးယူခြင်းခံထားရပေမယ့်လည်း အားလုံးနဲ့အတူ အနာဂတ်တွေအတွက် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေပြီး ပြည်သူတွေအတွက်အားပေးစကားတွေလည်း ပြောလာတာ တွေ့ရပါတယ်..။

Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc

"ရှုံးမှာသိနေတဲ့ သူတို့တောင်

နောက်မဆုတ်သေးတာ ...

နိုင်မှာသိနေတဲ့ ငါတို့တွေက

နောက်ဆုတ်စရာလား .....

Fighting?❤️.." ဆိုပြီး အလင်းရောင်က ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်..။

အခက်အခဲတွေကြားက သွေးမအေးသွားဘဲ ရဲရင့်စွာလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ မင်းသားချောအလင်းရောင်ရဲ့ ခိုင်မာပြတ်သားတဲ့ စိတ်ထားတွေနဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ပရိသတ်တွေအားလုံးက သဘောကျနေကြတာ ဖြစ်ပါတယ်..။

Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc

သတင်း အရင်းအမြစ်ALINNYAUNG's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T