ခြေထောက်ကိုကျည်ထိသွားတဲ့အပြင် သူ့ကိုဆိုင်ကယ်မှာကြိုးနဲ့ချည်ပြီး ဒရွတ်တိုက်ဆွဲခံခဲ့ရတာကြောင့်ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းကိုကပ္ပလီ

//s9.kh1.co/8f/8f8a137c7a23953b2a6f254e0925a9a64fd3d411.jpeg
နေ့စဉ်သတင်းများ

 ၁၁-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ခြေထောက်ကိုကျည်ထိသွားတဲ့အပြင် သူ့ကိုဆိုင်ကယ်မှာကြိုးနဲ့ချည်ပြီး ဒရွတ်တိုက်ဆွဲခံရခဲ့တာကြောင့်ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းကိုကပ္ပလီ

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကြောင့် ပြည်သူတွေကလည်း လူထုလှုပ်ရှားမှုတွေကို နည်းလမ်းမျိုးစုံနဲ့ပြုလုပ်နေကြပြီး ကျဆုံးသွားတဲ့သူရဲကောင်းတွေလည်း အယောက်(၅၀၀)ထက်မနည်း ရှိနေပြီဖြစ်ပါတယ်။အခုကာလမှာတစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်နေရတာဖြစ်လို့ ကျန်ရစ်သူမိသားစုဝင်တွေကလည်း ယူကြုံးမရဖြစ်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း သူရဲကောင်း ကိုသီဟ(ခ)ကိုသက်ဦး(ခ)ကပ္ပလီကတော့ (9.4.2021)ရက်နေ့မှာ ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။ကိုကပ္ပလီက လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ခြေထောက်ကိုကျည်ထိသွားလို့ မပြေးနိုင်တဲ့အချိန်မှာ သူ့ကို ဆိုင်ကယ်မှာကြိုးနဲ့ချည်ပြီး ဒရွတ်တိုက်ဆွဲခံခဲ့ရတဲ့ဒဏ်ရာတွေကြောင့် အသက်ပေးသွားခဲ့ရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုကပ္ပလီကတော့ မိခင်မုဆိုးမကြီးနဲ့ကျောင်းနေအရွယ်ညီမလေးနှစ်ယောက်ကိုလုပ်ကျွေးပြုစုနေတာကြောင့်မိသားစုအတွက်အားကိုးရတဲ့သားအကြီးဆုံးတစ်ယောက်ဖြစ်ပါတယ်။ကိုကပ္ပလီက မိသားစုစီးပွါးရေးအဆင်မပြေလို့ ကျူးကျော်မှာနေထိုင်နေရပေမယ့်လည်း အများအကျိုးအတွက်ဆိုရင် ရှေ့ဆုံးကနေပါဝင်တတ်တဲ့သူဖြစ်ပါတယ်။ကိုဗစ်ကာလတစ်လျှောက်လုံးမှာဆိုရင်လည်း သူရဲကောင်းကိုကပ္ပလီက သူငယ်ချင်းတွေနဲ့အတူ Positive လူနာနဲ့ထိစပ်လူနာများကို အဟာရဒါနလှူဒါန်းမှုတွင် ကိုယ်တိုင်ကားမောင်းပေးပြီး ကုသိုလ်ပြုခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုကပ္ပလီက စိတ်ရင်းစေတနာအရမ်းကောင်းတာကြောင့် ရပ်ကွက်ထဲမှာဆိုရင် လူချစ်လူချင်ပေါများတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ကိုကပ္ပလီကတော့ “COVID မဖြစ်ရင်အိမ်လေးပြင်နေရပြီ အခုတော့ နိုင်ငံရေးအခြေအနေမကောင်းလို့ အိမ်ပြင်မယ့်ပိုက်ဆံလေးနဲ့စားနေရတယ်”ဆိုပြီး မိတ်ဆွေတစ်ဦးကို ရင်ဖွင့်ခဲ့ဖူးတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း သူရဲကောင်းကိုကပ္ပလီရဲ့ဆန္ဒလေးကို ဝိုင်းဝန်းဖြည့်ဆည့်ပေးကြဖို့အတွက် ပြည်သူတစ်ဦးက မေတ္တာရပ်ခံလာတာဖြစ်ပါတယ်။သူရဲကောင်းကိုကပ္ပလီရဲ့ကျန်ရစ်သူမိသားစုကို ကူညီလှူဒါန်းချင်သူများအတွက်(ပဲခူးမြို့၊ကျွန်းသာယာရပ်ကွက်၊တပင်ရွှေထီး(၁)လမ်း)ကိုသွားရောက်ပြီး လှူဒါန်းလို့ရကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T