ခက်ခဲနေကြတဲ့ COVID လုပ်အားပေးပြည်သူတွေအတွက် စားသောက်ကုန်တွေ လှူဒါန်းခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

//s9.kh1.co/50/50fda0d8bef1a4b038e230268aeb72b8784d3c36.jpg
အနုပညာရှင်များ

 ၁၀-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအားလုံးနဲ့အတူ ရပ်တည်ကာတတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေတာလည်း ဖြစ်ပါတယ်..။

ဝေဠုကျော်ကိုယ်တိုင်ဦးစီးပြီးဖွင့်လှစ်ထားတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် အစားအသောက်တွေ ပေးဝေလှူဒါန်းကာ နေ့စဉ်နဲ့အမျှ လှူဒါန်းကုသိုလ်ယူနေတာလည်း တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

လိုအပ်နေတဲ့ပြည်သူတွေအတွက် ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံပြင်ဆင်ကာ အိမ်တိုင်ရာရောက်လိုက်လံလှူဒါန်းနေတဲ့ ဝေဠုကျော်ကတော့ အိမ်ထောင်စု ၂၀ စာအတွက်လည်း စားသောက်ကုန်တွေ ထပ်မံလှူဒါန်းခဲ့ပြန်ပါတယ်..။

ခက်ခဲနေကြတဲ့ COVID လုပ်အားပေးပြည်သူတွေအတွက် စားသောက်ကုန်တွေ လှူဒါန်းခဲ့တာဖြစ်ပြီး အလှူပုံရိပ်တွေကိုလည်း ဖောင်ဒေးရှင်းရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ မျှဝေထားတာလည်း တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

"9-4-2021

အိမ်ထောင်စု ၂၀စုသို့ အလှူ

ဝေဠုကျော်ဖောင်ဒေးရှင်း မှ

လိုအပ်နေလို့ အလှူခံလာသည့်

COVID လုပ်အားပေး ၂၀ ဦး အတွက်

တစ်ဥွီးလျှင်

ဆန် ၂ပြည်

ကြက်သွန်နီ ၅၀သါး

ကုလားပဲ ၃၅ကျပ်သား တို့ကို ကူညီ ထောက်ပံ့ပေးခဲ့ပါသည်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484.." ဆိုပြီး အလှူပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။

ပြည်သူတွေအတွက် တတ်နိုင်သလောက်အမြဲကူညီ လှူဒါန်းနေတဲ့ ဝေဠုကျော်တို့ဖောင်ဒေးရှင်းရဲ့ ဒါနကုသိုလ်တွေကိုလည်း အားလုံးကနှစ်ထောင်းအားရစွာနဲ့ သာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T