ပဲခူးကဖြိုခွဲခံမှု သတင်းအပါအဝင် twitter ပေါ်က မြန်မာရေးရာသတင်းများ

//s9.kh1.co/9c/9ccf4f5c7d7718a1df69badb1694554cbca924e3.jpg
နေ့စဉ်သတင်းများ

 ၁၀-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့ April လ 10 ရက်နေ့မှာတော့ ပဲခူးက ပြည်သူတွေ ဖြိုခွင်းခံရတာနဲ့ ပတ်သတ်ပြီး သေဆုံးသူတွေများပြားတဲ့ သတင်းတွေ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။

သတင်းတွေအရတော့  သေဆုံးသူဦးရေဟာ အနည်းဆုံး ၆၀ အထက်ရှိပြီး ဒီထက်လည်း များနိုင်ခြေရှိတယ်လို့ သိရပါတယ်။

ပဲခူးမြို့က သပိတ်ခံတပ်ဟာ မနေ့က မနက်ငါးနာရီလောက်ထဲက စတင်ဖြိုခွင်းခံခဲ့ရတာ ဖြစ်ပြီး ဖမ်းဆီးခံရသူနဲ့ သေဆုံးသူဦးရေ တော်တော်လေးများခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=696,q=100/6a/6a505e6897fbd2f5b6304e1704db79ca4a7fa715.jpg

ဒီဖြစ်ရပ်ကြောင့် ဒေသခံပြည်သူတွေကလည်း နေအိမ်တွေကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ကတုန်းက အပြင်းအထန်ဖြိုခွဲခံခဲ့ရပေမယ့်လည်း ဒီကနေ့မနက် ပဲခူးမှာ သပိတ်စစ်ကြောင်းတွေ ချီတက်ဆန္ဒထုတ်ဖော်ဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ထပ်အနေနဲ့ twitter ပေါ်မှာတွေ့ရတာကတော့ မနေ့ကဖမ်းဆီးခံလိုက်ရတဲ့ ပြေတီဦး နဲ့ အိန္ဒြကျော်ဇင်တို့ ဇနီးမောင်နှံအတွက် speak out လုပ်ပေးနေတာကို တွေ့ရသလို သေဒဏ်ပေးခံရတဲ့ ပြည်သူတွေအတွက်လည်း speak out လုပ်ပေးနေတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=586,q=100/dd/dd7fc56cc44a0047741826a193147d7d8cd721a8.jpg
https://s9.kh1.co/__image/w=650,h=884,q=100/05/05d8b61d6d2d2e468685f4641b0a4ab59feeb0b5.jpg

နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ မန္တလေးမှာ နေ့တိုင်းနီးပါးဖြိုခွဲခံနေရပေမယ့် သပိတ်စစ်ကြောင်းတွေ ထွက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

သတင်းတွေအရ ဒီကနေ့မနက်ပိုင်း မန္တလေးမြို့အတွင်းမှာ မြတောင်စစ်ကြောင်းနဲ့ ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်း အပြင်အခြားသပိတ်စစ်ကြောင်းတွေလည်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=602,q=100/6d/6d4ccb5f43c1dc9af70da679dc1dac242a559289.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T