စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ သာကေတမြို့နယ်အတွင်းက အိမ်ခြေ (၁၈၃)စုစာအတွက် စားနပ်ရိက္ခာများလှူဒါန်းပေးခဲ့တဲ့ နေဒွေး

//s9.kh1.co/27/27c5767c66f85937840529571961298d9168a0fa.jpeg
အနုပညာရှင်များ

 ၀၉-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

....

မြန်မာနိုင်ငံမှာ ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူအများစုဟာ လုပ်ငန်းတာဝန်များကို ရပ်နားထားရတာကြောင့် စားဝတ်နေရေး အခက်အခဲများစွာကို ရင်ဆိုင်နေရတာလည်းတွေ့ရပါတယ်။ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မိသားစုတွေကို အနုပညာရှင်များက တတ်နိုင်သလောက် ကူညီထောက်ပံ့ကာ လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

Photo Credit : Nay Dway Facebook Account
Photo Credit : Nay Dway Facebook Account
Photo Credit : Nay Dway Facebook Account
Photo Credit : Nay Dway Facebook Account

ဒီလိုကူညီထောက်ပံ့မှုတွေပြုလုပ်ပေးနေကြတဲ့ထဲမှာ နေဒွေးကလည်း အပါအဝင်ပါပဲနော်။နေ့စဉ်တိုင်းလိုလို လိုအပ်တဲ့နေရာများကို သွားရောက်ကာ သူကိုယ်တိုင်ရောင်းချလျက်ရှိနေတဲ့ ဆန်များကို လှူဒါန်းခဲ့သလို မိတ်ဆွေသူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ လိုအပ်တဲ့ အစားအ​သောက်များကို လှူဒါန်းလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။

Photo Credit : Nay Dway Facebook Account
Photo Credit : Nay Dway Facebook Account
Photo Credit : Nay Dway Facebook Account
Photo Credit : Nay Dway Facebook Account

အခုလည်း မိတ်ဆွေများနဲ့စုပေါင်းကာ သင်္ကြန်တွင်း အဆင်ပြေစေရန် ရည်ရွယ်ပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ သာကေတကပြည်သူများကို ဆန် ၊ ဆီ နဲ့ကြက်ဥများကို အိမ်ထောင်စု (၁၈၃) စာလှူဒါန်းဖြစ်ခဲ့ကြောင်း ပုံလေးတွေနဲ့တကွ " ဤနေ့ကုသိုလ် သာကေတမြို့နယ်တွင်းရှိစားဝတ်နေရေးခက်ခဲနေသောပြည်သူများ သင်္ကြန်တွင်းအဆင်ပြေစေရန် စုပေါင်းအလှု အိမ်ခြေ ၁၈၃ အိမ်အတွက် တအိမ်ထောင်ကို JITTOO အော်ဂန်းနစ်ရွှေဆန် ၆ပြည် တအိတ် , ကြက်ဥ , ဆီ စုပေါင်းပါဝင်လှုဒါန်းကျသူများအားလုံး သာဓုပါခင်ဗျခုလိုရေးသားဝေမျှလာတာဖြစ်ပါတယ်။"ဆိုတဲ့ စာလေးကိုရေးသားဝေမျှထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit : Nay Dway Facebook Account
Photo Credit : Nay Dway Facebook Account
Source & Photo Credit : Nay Dway Facebook Account
Source & Photo Credit : Nay Dway Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T