ဆန္ဒထုတ်ဖော်တဲ့အသံကြားတာနဲ့ ကလေးတွေကိုအားဖြည့်ပေးဖို့ အမြဲရောက်လာပြီး တာဝန်ကျေခဲ့ပေမယ့်လည်း ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းတစ်ဦး

//s9.kh1.co/a2/a20d053dcd0bd7e4d9e6626fd1375883faffc111.jpg
နေ့စဉ်သတင်းများ

 ၀၉-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဆန္ဒထုတ်ဖော်တဲ့အသံကြားတာနဲ့ ကလေးတွေကိုအားဖြည့်ပေးဖို့ အမြဲရောက်လာပြီး တာဝန်ကျေခဲ့ပေမယ့်လည်း ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းတစ်ဦး

လူထုလှုပ်ရှားမှုလုပ်နေတဲ့ ကာလအတွင်းမှာ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတွေအတွက် ပြည်သူတွေကလည်း ဆုတောင်းပွဲတွေ ပြုလုပ်ပေးနေကြတာ ဖြစ်ပါတယ် ။ ကျဆုံးသူ (၅၀၀) ကျော်တောင်ရှိလာခဲ့ပြီဖြစ်ပေမယ့်လည်း ဆန္ဒထုတ်ဖော်ပွဲတွေကတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဆက်လက်ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ် ။ အခုချိန်မှာ လူငယ်တွေက ရဲရင့်တဲ့စိတ်ဓာတ်နဲ့ ပါဝင်လှုပ်ရှားနေကြသလို လူကြီးတွေကလည်း ကူညီအားဖြည့်ပေးနေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပြီးခဲ့တဲ့ဧပြီလ (၈) ရက်နေ့မှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ ဦးတင်မိုးရဲ့အကြောင်းကလည်း တကယ့်ကို စိတ်မကောင်းဖြစ်စရာ ကောင်းလှပါတယ်။ ဦးတင်မိုးဆိုသူကတော့ ကျောက်ပန်းတောင်းမြို့၊ စံပြရပ်ကွက်မှာ ကျည်ထိမှန်ပြီး အသက်ပေးသွားခဲ့ရတာ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုပြုလုပ်မယ့်အသံကို အမြဲနားစွင့်ပြီး လူငယ်တွေကို ကူညီအားဖြည့်ပေးဖို့ ရောက်ရောက်လာတတ်တဲ့ ဦးတင်မိုးက နောက်ဆုံးအချိန်အထိ တာဝန်ကျေပွန်သွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပြည်သူတစ်ယောက်ကလည်း ဦးတင်မိုးရဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ သူ့ရဲ့စာထဲမှာတော့ ဦးတင်မိုးက ဆန္ဒထုတ်ဖော်တဲ့အသံကြားတာနဲ့ ရောက်လာပြီး ကလေးတွေအတွက် ရေသန့်ဘူးတွေ၊ ပေါင်မုန့်တွေလိုက်ဝေပေးခဲ့ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ် ။ တာဝန်ကျေတာထက်ပိုခဲ့တဲ့ ဦးတင်မိုးကို လူငယ်တွေကလည်း လေးစားဦးညွှတ်နေကြတာ ဖြစ်ပါတယ် ။ သူရဲကောင်းကြီး ဦးတင်မိုးတစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T