ဖခင်ဖြစ်သူကိုယ်တိုင် မျက်ရည်တွေနဲ့ အလေးပြုခဲ့ရပြီး လူပေါင်းများစွာ လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ကလေးမြို့ကသူရဲကောင်းလေးရဲ့စျာပနခရီး

//s9.kh1.co/44/446a23d88ab518d7066f2514cc07285e250129c3.jpg
နေ့စဉ်သတင်းများ

 ၀၉-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဖခင်ဖြစ်သူကိုယ်တိုင် မျက်ရည်တွေနဲ့ အလေးပြုခဲ့ရပြီး လူပေါင်းများစွာ လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ကလေးမြို့ကသူရဲကောင်းလေးရဲ့စျာပနခရီး

ပြီးခဲ့တဲ့ ဧပြီလ (၇) ရက်နေ့က ကလေးမြို့မှာ လူစုခွဲဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပြည်သူတစ်ချို့ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူထဲကတစ်ယောက်ဖြစ်တဲ့ ကိုအာကာသူအောင်ကတော့ အသက် (၂၃) နှစ်အရွယ်ရှိတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ် ။ ကလေးတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ဦးလည်းဖြစ်တဲ့ ကိုအာကာသူအောင်က အခုတော့ စောစီးစွာပဲ ကြေလွင့်သွားခဲ့ရပြီ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကိုအာကာသူအောင်ရဲ့နာရေးသတင်းကို ကြားသိလိုက်ရတဲ့ မိတ်ဆွေ၊သူငယ်ချင်းတွေကလည်း သူ့အတွက် စိတ်မကောင်းဖြစ်နေရသလို မိသားစုဝင်တွေခမျာမှာလည်း ဝမ်းနည်းကြေကွဲနေရတာ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှု ပြုလုပ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ ကိုအာကာသူအောင်ရဲ့နောက်ဆုံးခရီးကိုတော့ ကလေးမြို့နေ ပြည်သူလူထုက လိုက်ပါပို့ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေက သူရဲကောင်း ကိုအာကာသူအောင်ကို လေးစားတဲ့အနေနဲ့ အလေးပြုပြီး နှုတ်ဆက်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကိုအာကာသူအောင်ရဲ့ဖခင်ကတော့ သားဖြစ်သူ သူရဲကောင်းလေးရဲ့စျာပနကို လိုက်ပို့ပေးရင်းနဲ့ပဲ မျက်ရည်တွေကျကာ အလေးပြုခဲ့ရတာ ဖြစ်ပါတယ် ။ ပြည်သူတွေက ကိုအာကာသူအောင်ရဲ့ရုပ်အလောင်းကို သယ်ယူလာတဲ့ နာရေးကားရဲ့အနောက်မှာ ဆိုင်ကယ်တွေကိုယ်စီနဲ့ လိုက်ပါခဲ့ကြတာ ဖြစ်ပါတယ် ။ လူပေါင်းများစွာ တက်ရောက်ခဲ့တဲ့ သူရဲကောင်း ကိုအာကာသူအောင်ရဲ့စျာပနပွဲကတော့ ပြည်သူတွေနဲ့ပဲ တစ်လမ်းလုံးပြည့်လျှံသွားခဲ့တာ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T