စားဝတ်နေရေး ခက်ခဲနေကြသော အိမ်ခြေ(၁၈၀)နေ ပြည်သူများအတွက် ဆန်အိတ်တွေလှူဒါန်းဖို့ ပြင်ဆင်နေတဲ့ နေဒွေး

//s9.kh1.co/5f/5fa7f69727de4e721060a448a548a27fe76f9012.jpeg
အနုပညာရှင်များ

 ၀၉-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  နေဒွေးကတော့  ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများမှာ  ပါဝင်သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတာပဲ  ဖြစ်ပါတယ်။  အရေးကြုံတဲ့ အခါတိုင်း  ပြည်သူတွေဘက်ကနေ  မားမားမတ်မတ်ရပ်တည်ခံ့တာကြောင့်လည်း  အားလုံးက  လေးစားနေကြတာ  ဖြစ်ပါတယ်။  နေဒွေးကတော့ အနုပညာလှုပ်ရှားမှုတွေကိုသာမကဘဲ  စီးပွားရေးလုပ်ငန်းတွေကိုလည်း  အောင်မြင်မှုတွေ ရရှိအောင်ဦးစီးလုပ်ကိုင်နေသူလည်း  ဖြစ်ပါတယ်။

Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 

လတ်တလောမှာလည်း  အခက်အခဲဖြစ်နေတဲ့  ပြည်သူတွေကို  တတ်နိုင်တဲ့ဘက်ကနေ  ထောက်ပံ့ကူညီပေးနေတာလည်း  ဖြစ်ပါတယ်။ လှူဒါန်းခဲ့တဲ့ ပုံရိပ်များကိုလည်း  ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင်  သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ဝေမျှပေးလေ့ရှိသူလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  နေဒွေးရဲ့Facebook Story တွင် ဗီဒီယိုဖိုင်တစ်ခု တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 

ဒါကတော့  စားဝတ်နေရေး ခက်ခဲနေကြသော အိမ်ခြေ(၁၈၀)နေ ပြည်သူများအတွက် ဆန်အိတ်တွေလှူဒါန်းဖို့ပြင်ဆင်နေတဲ့ နေဒွေးရဲ့ဗီဒီယိုဖိုင်ပဲ  ဖြစ်ပါတယ်။  ဒီနေ့မှာတော့  သာကေတမြို့နယ်မှာရှိတဲ့ ပြည်သူများအတွက်သူကိုယ်တိုင်  ဖြန့်ဖြူးရောင်းချနေတဲ့  ဆန်အိတ်တွေကို သွားရောက်လှူဒါန်းမှာ ဖြစ်တာကြောင့်  ပရိသတ်တွေလည်း  ထပ်တူ ကုသိုလ်ရရှိနိုင်စေရန်အတွက်  ဒီဗီဒီယိုလေးကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Nay Dway’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T