​လူငယ်တစ်ယောက်အနေနဲ့ တော်လှန်ရေးတိုက်ပွဲကြီးနဲ့ပတ်သက်ပြီး တန်ဖိုးရှိတဲ့စကားလေးတွေကို ဖွင့်ဟပြောကြားထားတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/a3/a3f4b011eb8c982d306c89ce123a2502ee89ff0c.jpeg
နေ့စဉ်သတင်းများ

 ၀၈-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

အချိန်အားဖြင့် (၂) လကျော်ကြာမြင့်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဆန္ဒထုတ်ဖော်မှုကြီးဟာ ဒီနေ့ထိ အသက်ဝင်နေဆဲပါ။အပစ်အခတ်တွေကြောင့် သေဆုံးသွားရသူတွေ ဒဏ်ရာရရှိသူတွေလည်း များပြားစွာရှိနေခဲ့ပြီး အိုးအိမ်ပစ္စည်းဥစ္စာ ပျက်ဆီးဆုံးရှုံးမှုတွေလည်း ကြုံတွေ့နေရဆဲပါ။ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံရသူတွေလည်း များစွာရှိလာပြီဖြစ်တာကြောင့် ပြည်သူတွေဟာ စိုးရိမ်မှုတွေကြားမှာပဲ လှုပ်ရှားမှုတွေကို ပြုလုပ်နေရတာလည်းဖြစ်ပါတယ်။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

ဒီလိုအခက်အခဲတွေမျိုးစုံနဲ့ရင်ဆိုင်နေရပေမယ့်လည်း ပြည်သူတွေက လက်မလျော့သွားဘဲ ယုံကြည်ချက်ပန်းတိုင်တစ်ခုကိုရောက်ဖို့ ညီညီညွတ်ညွတ်နဲ့လှုပ်ရှားနေကြဆဲပါ။အခုလည်း ဒီလှုပ်ရှားမှုကြီးမှာ ပါဝင်နေတဲ့ လူငယ်တစ်ယောက်က သူရဲ့ရင်ထဲကခံစားချက်တွေကို ခုလိုရင်ဖွင့်ပြောကြားလာတာဖြစ်ပါတယ်။" ခုမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စကြီးဟာ သူအေနေနဲ့ မတရားမှုကြီးလို့ မြင်မိတာကြောင့် ဒီလှုပ်ရှားမှုကြီးမှာ ကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV<br>
Photo by Myanmarload TV

ဒါ့အပြင် သူမအပါအဝင် နောင်လာနောင်သားတွေရဲ့ အနာဂတ်အားလုံးက မိမိဆုံးဖြတ်ချက်အပေါ်မှာပဲ လွတ်လပ်မှုရှိပြီး မှန်မှန်ကန်ကန်နဲ့လျှေက်လှမ်းနိုင်တဲ့ ဒိမိုကရေစီကို လိုချင်ကြောင်းလည်း လေးလေးနက်နက်ပြောကြားလာတာဖြစ်ပါတယ်။ဆန္ဒထုတ်ဖော်ရာမှာလည်း အချင်းချင်းညီညီညွတ်ညွတ်ရှိရန်လိုကြောင်း ဒီလိုမှလည်း အောင်မြင်မှုရရှိနိုင်မယ့်အကြောင်းကိုလည်း အကြံပေးပြောကြားထားတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း GenZ ပြည်သူလေးရဲ့ရင်ဖွင့်သံကိုပြည့်ပြည့်စုံစုံသိရှိနိုင်စေရန် အတွက် ဗီဒီယိုလေးကိုပါထပ်မံဝေမျှပေးလိုက်ပါတယ်နော်။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T