မီးဘေးနဲ့စစ်ဘေးရှောင် ပြည်သူတွေအတွက် လှူဒါန်းပေးကြတဲ့သူတွေရဲ့အထုပ်ထဲက အဝတ်အစားတစ်ချို့ကို ပြသခဲ့ကြတဲ့ လူငယ်များ

//s9.kh1.co/a9/a9649adaa52c12ba03eec4a7ac954dd606d85aea.jpg
နေ့စဉ်သတင်းများ

 ၀၈-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မီးဘေးနဲ့စစ်ဘေးရှောင် ပြည်သူတွေအတွက် လှူဒါန်းပေးကြတဲ့သူတွေရဲ့အထုပ်ထဲက အဝတ်အစားတစ်ချို့ကို ပြသခဲ့ကြတဲ့ လူငယ်များ

လက်ရှိမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် မြို့ကြီးပြကြီးတွေသာမက နယ်မြို့လေးတွေမှာရှိတဲ့ ပြည်သူတွေလည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာရှိတဲ့ ပြည်သူတစ်ချို့ကလည်း စစ်ဘေးရှောင်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးမှာဆိုရင်လည်း မီးဘေးရှောင် ပြည်သူတွေရှိလာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

မီးဘေးနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အစားတွေလိုအပ်တာကြောင့် လူငယ်တစ်ချို့က လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် အကူအညီတောင်းခံခဲ့ကြတာ ဖြစ်ပါတယ် ။ အလှူခံတဲ့သူတွေကိုလည်း ပြည်သူတွေက အဝတ်အစားတွေ ပေးပို့ပြီး လှူဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း အဝတ်ထုပ်တွေထဲမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေဝတ်ဖို့အတွက် အဆင်မပြေဖြစ်နိုင်တဲ့ အဝတ်အစားတစ်ချို့ ပါလာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကြိုးတစ်လုံးဂါဝန်တွေနဲ့ အင်္ကျီတွေအပြင် ဘွဲ့ဝတ်စုံတွေပါ ပါလာတာကြောင့် လူငယ်တွေက ဒီအဝတ်တွေကိုဝတ်ဆင်ပြီး ပြသခဲ့ကြတာ ဖြစ်ပါတယ် ။ လှူချင်စိတ်နဲ့ ထည့်ပေးလိုက်ကြတဲ့ ပြည်သူတွေရဲ့အထုပ်ထဲက ထွက်လာတဲ့ အဝတ်အစားတစ်ချို့ကိုကြည့်ပြီး လူငယ်တွေလည်း ရယ်ရခက် ငိုရခက်ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ် ။ "အယ် ဒုက္ခသည်တွေ ဘွဲ့သွားယူရမလား Fashion show လျှောက်ရမလားနော် ဇာတ်ကရမလား မသဲကွဲဘူးရယ် ? လှူတဲ့အထုပ်ထဲက ပါလာသော❤ တစ်ချို့အထည်များ???" ဆိုပြီး တင်ထားတဲ့ပုံတွေက လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T