ပြည်သူတွေ ပို့သတဲ့ မေတ္တာတွေနဲ့ အမြန်ဆုံးလွတ်မြောက်ပါစေလို့ သူငယ်ချင်း ပိုင်တံခွန်အတွက် ဆုတောင်းပေးနေတဲ့ တိုင်ရွန်

//s9.kh1.co/5d/5d152d0d3d8cd6c6e3173f11f6a6d0998755db2e.jpeg
အနုပညာရှင်များ

 ၀၈-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ပိုင်တံခွန်ကတော့  မနေ့ညက  ပုဒ်မ ၅၀၅(က) ဖြင့်  အမှုဖွင့်အရေးယူခံခဲ့ရတာပဲ ဖြစ်ပြီး  ဒီမနက်အစောပိုင်းမှာဘဲ  သူ့ရဲ့နေအိမ်တွင်  ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပဲ  ဖြစ်ပါတယ်။  သူဟာ ကျန်းမာရေးတော်တော်လေးကို ချူချာနေတာကြောင့်  နေအိမ်သို့  ခေတ္တပြန်နေတဲ့ အချိန်မှာ အခုလိုဖြစ်သွားခဲ့တာပဲ  ဖြစ်ပါတယ်။  သူ့ကိုချစ်တဲ့  ပရိသတ်များနဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမများက  ပိုင်တံခွန်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြတာပါ။

Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 

ပိုင်တံခွန်  ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့  သတင်းဟာ  ပြည်တွင်းတွင်သာမကဘဲ  ထိုင်နိုင်ငံက ရုပ်သံဌာနများတွင်  ဖော်ပြရတဲ့အထိပါ  အတော်လေးလှုပ်ခတ်သွားခဲ့ပါတယ်။  ပြည်တွင်းပြည်ပမှာရှိတဲ့  ပိုင်တံခွန်ရဲ့  ပရိသတ်များကလည်း  အမြန်ဆုံးလွတ်မြောက်ရန်အတွက်  Twitter လူမှုကွန်ယက်တွင် tweet ပေးနေကြတာလည်း  ဖြစ်ပါတယ်။  

Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း သရုပ်ဆောင် တိုင်ရွန်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပြည်သူတွေ ပို့သတဲ့ မေတ္တာတွေနဲ့ အမြန်ဆုံးလွတ်မြောက်ပါစေလို့ သူငယ်ချင်း ပိုင်တံခွန်အတွက် ဆုတောင်းပေးနေတဲ့ စာလေးရေးသားထားတာပဲ  ဖြစ်ပါတယ်။  " သူငယ်ချင်းရေ မင်းအဆင်မပြေမှန်းသိိပေမယ့်  အဆင်ပြေပါစေဆုတောင်းပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူးကွာ သူတော်ကောင်းနတ်ကောင်းမပါစေကွာ ? 

ပြည်သူတွေပို့သတဲ့မေတ္တာနဲ့ မင်းအမြန်ဆုံးလွတ်မြောက်ပါစေ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Paing Takhon’s Facebook Page and Tyron Bejay’s Facebook Account 

Photo Crd-Tyron Bejay’s Facebook Account
Photo Crd-Tyron Bejay’s Facebook Account
Photo Crd-Tyron Bejay’s Facebook Account
Photo Crd-Tyron Bejay’s Facebook Account
Photo Crd-Tyron Bejay’s Facebook Account
Photo Crd-Tyron Bejay’s Facebook Account
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T