စေတနာအပြည့်နဲ့ကူညီတဲ့အပြင် ကန်စွန်းရွက်ထဲမှာ ပိုက်ဆံပါထည့်ပေးလိုက်တဲ့ ဟင်းရွက်ဆိုင်က စေတနာရှင်အန်တီကြီးတစ်ယောက်အကြောင်း

//s9.kh1.co/03/03eb0b9e71aa1bc68143feaa0deee91e411f2f2d.jpg
နေ့စဉ်သတင်းများ

 ၀၇-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

စေတနာအပြည့်နဲ့ကူညီတဲ့အပြင် ကန်စွန်းရွက်ထဲမှာ ပိုက်ဆံပါထည့်ပေးလိုက်တဲ့ ဟင်းရွက်ဆိုင်က စေတနာရှင် အန်တီကြီးတစ်ယောက်အကြောင်း

လူထုလှုပ်ရှားမှုပွဲတွေကတော့ အခုချိန်အထိတိုင်အောင် မြန်မာနိုင်ငံက နေရာအနှံ့အပြားမှာ နေ့စဥ်နဲ့အမျှ မြင်တွေ့နေရဆဲ ဖြစ်ပါတယ် ။ လူငယ်တွေကလည်း အန္တရာယ်ရှိနေတဲ့ကြားကနေ နည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ် ။ အခုလည်း လူထုလှုပ်ရှားမှု ပြုလုပ်နေတဲ့ လူငယ်တစ်ယောက်က သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ရေးသားပြောပြပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

စာထဲမှာတော့ အဲ့ဒီလူငယ်က သူ့ကိုစေတနာအပြည့်နဲ့ ကူညီတဲ့အပြင် ကန်စွန်းရွက်တွေနဲ့ပိုက်ဆံပါထည့်ပေးလိုက်တဲ့ အန်တီကြီးတစ်ယောက်အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ် ။ ဟင်းရွက်ရောင်းတဲ့ အန်တီကြီးက သူ့ကိုအန္တရာယ်ကြားကနေ ကူညီပေးခဲ့ရုံသာမက သူနေ့တိုင်းလာတာကိုတွေ့လို့ ဆီဖိုးယူထားဆိုပြီး ပိုက်ဆံ (၅၀၀၀) ပါပေးခဲ့တာ ဖြစ်ပါတယ် ။ အန်တီကြီးပေးတဲ့ ပိုက်ဆံကိုတော့ လူငယ်ကလည်း မယူပါရစေနဲ့လို့ ငြင်းခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Capture by YP
Photo Credit-Capture by YP
Photo Credit-Ants Are Always Busy
Photo Credit-Ants Are Always Busy

အဲ့ဒီနောက်မှာတော့ အန်တီကြီးက "အဒေါ်စိတ်ချမ်းသာအောင် ကန်စွန်းရွက်တော့ယူ" လို့ဆိုတာကြောင့် လူငယ်လည်း ယူလာခဲ့တာ ဖြစ်ပါတယ် ။ အိမ်ရောက်လို့ ကန်စွန်းရွက်ကြော်စားမယ်လို့ ထုတ်လိုက်တဲ့အခါကျ ပိုက်ဆံပါလာမှန်း သိလိုက်ရတာဖြစ်ကြောင်းကို အဲ့ဒီလူငယ်က ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ မယူမှန်းသိလို့ ကန်စွန်းရွက်(၂)စည်းကြားမှာ ပိုက်ဆံထည့်ပေးလိုက်တဲ့ ဟင်းရွက်ဆိုင်က အန်တီကြီးရဲ့စေတနာကတော့ တကယ့်ကို လေးစားချင်စရာကောင်းလောက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T