အားကိုးစရာဆိုလို့ ဖခင်ပဲရှိတော့ပေမယ့် ကျည်ထိမှန်ပြီး ကျဆုံးသွားတာကြောင့် မိဘမဲ့ဖြစ်သွားရရှာတဲ့ ကလေးသုံးယောက်

//s9.kh1.co/fc/fc348eccacc7f1b08390956b041a3e2a9c6925d0.jpeg
နေ့စဉ်သတင်းများ

 ၀၆-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

အားကိုးစရာဆိုလို့ ဖခင်ပဲရှိတော့ပေမယ့် ကျည်ထိမှန်ပြီး ကျဆုံးသွားတာကြောင့် မိဘမဲ့ဖြစ်သွားရရှာတဲ့ ကလေးသုံးယောက်

မြန်မာပြည်သူ၊ပြည်သားတွေကတော့ လက်ရှိအခြေအနေကြောင့် အသက်ပေးသွားရတဲ့ သူရဲကောင်းတွေကိုလည်းအမြဲအောက်မေ့သတိရပြီးဦးညွှတ်ဂါရဝပြုနေကြတာဖြစ်ပါတယ်။အခုချိန်ထိဆိုရင် ကျဆုံးသူဦးရေ(၅၀၀)ကျော်နေပြီဖြစ်ပြီး တချို့မိသားစုတွေအတွက် အစားပြန်ထိုးလို့မရနိုင်တဲ့ သွေးသားရင်းတွေကို ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။ပြည်သူလူထုက ကျန်ရစ်သူမိသားစုတွေကိုလည်း ဝိုင်းဝန်းစောင့်ရှောက်ပေးကြပြီး သူတို့ရဲ့သောကအပူမီးတွေကိုပါ မျှဝေခံစားပေးနေကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အခုဆိုရင်လည်း လူမမယ်ကလေးသုံးယောက်ကို လုပ်ကျွေးပြုစုနေတဲ့ဖခင်တစ်ဦးကတော့ မကြာသေးခင်ရက်ပိုင်းအတွင်းက တောင်ဒဂုံမှာ ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။ကလေးသုံးယောက်အတွက်လည်းအားကိုးစရာဆိုလို့ ဖခင်ပဲရှိတော့တာကြောင့် အခုဆိုရင် မိဘမဲ့ဖြစ်သွားရရှာပြီဖြစ်ပါတယ်။လတ်တလောမှာဆိုရင်မိဘမဲ့ဖြစ်သွားရရှာတဲ့ လူမမယ်ကလေးသုံးယောက်ကို ဦးလေးဖြစ်သူက ခေါ်ယူစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူလူထုကလည်း ကျန်ရစ်သူကလေးသုံးယောက်ကို စာနာသနားကြလို့ တတ်နိုင်သလောက်ကူညီဖေးမပေးနေကြတာ ဖြစ်ပါတယ်။ကလေးလေးတွေရဲ့ အနာဂတ်လေးလှပဖို့အတွက် တစ်တပ်တစ်အားကူညီပေးချင်တယ်ဆိုရင်တော့ တောင်ဒဂုံမြို့နယ်၊(၅၃)ရပ်ကွက် နှင်းဆီမြိုင်လမ်း ကျူးကျော်တဲစုနားကို သွားရောက်ပြီး ကူညီလှူဒါန်းပေးလို့ရပါတယ်။အမိမဲ့နေတဲ့အပြင် အသက်ငယ်ငယ်လေးနဲ့ ဖခင်ကိုပါဆုံးရှုံးလိုက်ရတဲ့ ကလေးလေးသုံးယောက်ကိုသနားကြင်နာစွာနဲ့ ကူညီပေးကြပါဦးလို့ တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T