မြန်မာပြည်အနယ်နယ်၊အရပ်ရပ်မှာရှိတဲ့ ပြည်သူလူထုကတော့ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နေကြတာ ဖြစ်ပါတယ်။မိမိတို့မှာရှိသလောက်ကို ရက်ရက်ရောရောလှူဒါန်းပေးတတ်ကြတဲ့ ပြည်သူတွေက လတ်တလောမှာဆိုရင် ကရင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက်ပါ ဝိုင်းဝန်းကူညီပေးနေကြတာဖြစ်ပါတယ်။ကရင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ပြည်သူတချို့ကတော့ မတ်လကုန်ခါနီးလောက်မှာ မိမိတို့ရွာကို ဗုံးကြဲခံရလို့ မိသားစုလိုက်တောထဲပြေးနေရတာပဲဖြစ်ပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေကတော့ တောထဲမှာ အဆင်ပြေသလိုနေထိုင်စားသောက်နေရပြီး လူမမယ်ကလေးငယ်တွေကအစ ဒုက္ခအခက်အခဲကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း စစ်ဘေးရှောင်ပြည်သူတွေလိုအပ်မယ့် အဝတ်အထည်၊စောင်၊ခြင်ထောင် စတဲ့အသုံးအဆောင်ပစ္စည်းလေးတွေနဲ့ စားစရာတွေကို လှူဒါန်းနေကြတာ ဖြစ်ပါတယ်။အခုလိုမျိုး လူတိုင်းနီးပါးခက်ခဲနေကြချိန်မှာ သူတို့ရဲ့အခက်အခဲတွေကို မျှဝေခံစားပေးလို့ စစ်ဘေးရှောင်ပြည်သူတွေက အလှူရှင်တွေကိုကျေးဇူးတင်နေကြတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူရှင်တွေက အဟာရပြည့်ဝမယ့် အစားအသောက်တွေကို လှူဒါန်းပေးနေကြတာဖြစ်ပါတယ်။စားစရာရှိပြန်တော့လည်း ထည့်စားစရာပန်းကန်မရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပန်းကန်လေးတွေ တတ်နိုင်သလောက်လှူဒါန်ပေးကြဖို့ ပြည်သူတစ်ဦးက တိုက်တွန်းနှိုးဆော်ထားတာဖြစ်ပါတယ်။ပြည်သူတွေလှူဒါန်းကြတဲ့ စားစရာတွေကို အားရပါးရစားသောက်နေကြတဲ့ စစ်ဘေးရှောင်ကလေးလေးတွေရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder