အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရချိန်မှာတောင် တခြားသူကိုဒုက္ခမပေးတတ်ကြတဲ့ လူငယ်တွေရဲ့စိတ်ဓာတ်ကိုရေးသားပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/57/57ead92b162b2c5b46e42026ebcbe1bf56682665.jpeg
နေ့စဉ်သတင်းများ

 ၀၆-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရချိန်မှာတောင် တခြားသူကိုဒုက္ခမပေးတတ်ကြတဲ့ လူငယ်တွေရဲ့စိတ်ဓာတ်ကိုရေးသားပြောပြလာတဲ့ ပြည်သူတစ်ဦး

ပြည်သူလူထုကတော့ ယခုဖြစ်ပေါ်နေတဲ့အခြေအနေတွေကို (၂)လကျော်ကြာသွားသည့်တိုင်အောင် စိတ်ဝမ်းမကွဲကြဘဲ စည်းစည်းလုံးလုံးနဲ့ ရင်ဆိုင်ကျော်ဖြတ်နေကြတာပဲဖြစ်ပါတယ်။ပြည်သူအချင်းချင်းကလည်း အသက်ပေးပြီးကာကွယ်စောင့်ရှောက်ကြတဲ့အပြင် အေးအတူ၊ပူအမျှနေထိုင်နေကြတာဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာရဲစွမ်းသတ္တိအပြည့်နဲ့ ရှေ့ဆုံးကနေပါဝင်နေကြတာကတော့ လူငယ်တွေအများစုပဲဖြစ်ပါတယ်။စွန့်လွှတ်အနစ်နာခံရဲတဲ့စိတ်နဲ့ အသက်ပေးရင်ဆိုင်နေကြတဲ့ လူငယ်တွေကို ပြည်သူလူထုကလည်း တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

လူငယ်တွေကတော့ မိမိတို့ရဲ့အနာဂတ်အတွက် လက်ရှိအခြေအေနေကို ရုန်းကန်နေရတာကြောင့် လူထုလှုပ်ရှားမှုတွေကိုလည်း နေ့စဉ်ရက်ဆက်ပြုလုပ်နေကြတာဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေဖြိုခွင်းခံရချိန်မှာ အသက်အန္တရာယ်ကင်းဖို့အတွက် လမ်းထဲတွေပြေးဝင်လာကြတဲ့ လူငယ်တွေကိုပြည်သူတွေကလည်း အိမ်တံခါးဖွင့်ပြီး ဝင်ခိုင်းကြတာဖြစ်ပါတယ်။ပြည်သူတွေကလည်း အိမ်ထဲပြေးဝင်လာကြတဲ့ လူငယ်တွေကို ကိုယ့်ရဲ့မိသားစုဝင်လိုမျိုးသတ်မှတ်ပြီး စားစရာတွေနဲ့ဧည့်ခံကျွေးမွေးကာ လုံခြုံတဲ့အထိ စောင့်ရှောက်ပေးထားကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အခုတစ်ခါမှာတော့ လူထုလှုပ်ရှားမှုတွေဖြိုခွင်းခံရလို့ ထွက်ပြေးနေကြတဲ့လူငယ်လေးတွေကို ပြည်သူတွေက အိမ်တံခါးတွေကိုယ်စီဖွင့်ပေးထားကြပေမယ့် လူငယ်လေးတွေက”မဝင်ကြနဲ့နော် မဝင်ကြနဲ့ သူများတကာကို ဒုက္ခမပေးကြနဲ့”ဆိုပြီး ပြေးရင်းလွှားရင်း အချင်းချင်းသတိပေး အော်သွားကြတာဖြစ်ပါတယ်။ပြည်သူတစ်ဦးကတော့ အရာရာစွန့်လွှတ်ထားတဲ့ကလေးတွေကြောင့် အသက်ရှူတောင်ခဏရပ်ပြီး ဝမ်းနည်းမိသွားတာဖြစ်ပါတယ်။အသက်အန္တရာယ်နဲ့ကြုံနေရချိန်မှာတောင် တခြားသူကိုဒုက္ခမပေးတတ်တဲ့ လူငယ်တွေရဲ့စိတ်ဓာတ်ကို လေးစားမိရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

Photo By Myanmarload TV

Source:Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T