လက်ရှိမှာဆိုရင် ပြည်သူတွေက အခက်အခဲတွေရှိနေတဲ့ကြားကနေ လူထုလှုပ်ရှားမှုတွေကို နေ့စဥ်နဲ့အမျှ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံက အခြေအနေတွေကိုလည်း နိုင်ငံတကာ သတင်းမီဒီယာတွေက ဖော်ပြကြတာကြောင့် ပြည်ပနိုင်ငံတွေကပါ သိရှိနေတာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံက ပြည်သူတွေရဲ့အခြေအနေကို စာနာနားလည်ပြီး ဖေးမမှုကူညီပေးနေတဲ့ နိုင်ငံတွေထဲမှာတော့ တောင်ကိုရီးယားနိုင်ငံကလည်း အပါအဝင်ဖြစ်ပါတယ်။
တောင်ကိုရီးယား နိုင်ငံသားတွေကတော့ မြန်မာပြည်သူတွေအတွက် သူတို့တတ်နိုင်တဲ့ဘက်ကနေ အားပေးကူညီပေးနေကြတာ ဖြစ်ပါတယ် ။ သူတို့တွေက မြန်မာပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်ပေးသလို Campaign မျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ပေးနေကြတာလည်း ဖြစ်ပါတယ် ။ အခုလည်း တောင်ကိုရီးယားနိုင်ငံ၊ ဂျင်ဂျူး အထက်တန်းကျောင်း(Jinju High School)က ကျောင်းသားလေးတွေက မြန်မာနိုင်ငံအတွက် ကူညီခဲ့ကြတာ ဖြစ်ပါတယ် ။
တောင်ကိုရီးယား ကျောင်းသားတွေက "Save Myanmar" , "Everything Will Be Ok" လို့ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကိုယ်စီကိုင်ပြီးအားပေးစကားဆိုခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဂျင်ဂျူးအထက်တန်း ကျောင်းသားတွေက မြန်မာနိုင်ငံကိုကူညီဖို့အတွက် ဝမ် (၃) သိန်းတိတိ လှူဒါန်းပေးခဲ့ကြပါသေးတယ် ။ စာရွက်ပေါ်မှာ မြန်မာပြည်သူတွေအတွက် အားပေးစကားတွေ ရေးသားကာ သူတို့ရဲ့ကြင်နာမှုကို ပြသခဲ့ကြတာလည်း ဖြစ်ပါတယ် ။ မြန်မာနိုင်ငံအတွက် နည်းလမ်းမျိုးစုံနဲ့ ကူညီပေးနေတဲ့ တောင်ကိုရီးယားပြည်သူတွေကတော့ တကယ့်ကို လေးစားချီးကျူးချင်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။
Source & Photo Credit-Original Uploader