ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် မိုးရေတွေကြားထဲမှာဆုတောင်းဂုဏ်ပြုပေးရင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တဲ့ အလုံသူအလုံသားများ

//s9.kh1.co/e0/e081afb08c86b89897df2a4442ac41e7d0d55ec9.jpeg
နေ့စဉ်သတင်းများ

 ၀၅-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.....

ကမ္ဘာတစ်ဝှမ်းရဲ့ အထူးစိတ်ဝင်စားခြင်းကို ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ ဆန္ဒထုတ်ဖော်ပွဲကြီးက အချိန်အားဖြင့် (၂) လကြာခဲ့ပြီဖြစ်ပါတယ်။တိုက်ပွဲဝင်ရင်း အသက်ပေးသွားရတဲ့ သူရဲကောင်းတွေလည်း တစ်နေ့ထက်တစ်နေ့ များစွာတိုးနေတာကိုလည်း နှမျောတသ စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲ။  ခုဆိုရင် ကလေးငယ်လေးတွေပါ ဒဏ်ရာရရှိသူတွေရှိနေခဲ့သလို အသက်ဆုံးရှုံးသွားရသူတွေလည်းရှိလာပြီဖြစ်ရာ ပြည်သူအားလုံးက မိသားစုဝင်တွေနဲ့ထပ်တူ ကြွေကွဲဝမ်းနည်းခဲ့ကြတာလည်းဖြစ်ပါတယ်။

Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 

ဒီလိုတစ်ရက်ထက်တစ်ရက်တိုးလာတဲ့ သေဆုံးသူတွေ ဒဏ်ရာရရှိသူတွေရဲ့ သတင်းတွေကိုကြည့်ပြီး ပြည်သူတွေဟာနေ့စဉ်တိုင်း စိတ်မကောင်းဖြစ်ကာ ကြေကွဲဝမ်းနည်းရင်း သူတို့ကိုယ်တိုင်လည်း စိုးရိမ်ပူပန်မှုတွေကြားမှာနေထိုင်နေရပါတယ်။ ဒီလို မြန်မာနိုင်ငံရဲ့နေရာအနှံအပြားမှာ နေ့ရောညပါ ပစ်ခတ်မှုတွေကိုရင်ဆိုင်နေရပေမယ့်လည်း ပြည်သူ အားလုံးကတော့လက်မလျော့ဘဲ တူညီတဲ့ ယုံကြည်ချက်ပန်းတိုင်တစ်ခုကိုရောက်ဖို့ ရရင်ရသလို လှုပ်ရှားမှုတွေကိုမျိုးစုံပြုလုပ်နေဆဲပါ။

Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 

အသက်ပေးသွားကြတဲ့သူရဲကောင်းတွေကိုလည်း ပြည်သူတွေက  လှုပ်ရှားမှုမျိုးစုံနဲ့ ဆုတောင်းပေးခြင်းတွေ ညီညီညွတ်ညွတ်နဲ့ ပြုလုပ်ပေးကြတာလည်းတွေ့ရပါတယ်။အခုလည်း အလုံသူအလုံသားများဟာ ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေအတွက် လွမ်းဆွတ်တမ်းတခြင်း ဆည်းဆာသပိတ်ကို မိုးရေတွေကြားထဲမှာပဲ ပြုလုပ်ပေးရင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ အလုံသူအလုံသားများရဲ့ပုံလေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo By Myanmarload 
Photo By Myanmarload 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T