မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းစေရန်နဲ့ အသက်ပေးသွားတဲ့ သူရဲကောင်းတွေအတွက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရင်း ကုသိုလ်ပြုခဲ့တဲ့ ခိုင်သင်းကြည်

//s9.kh1.co/4d/4dff715e87bf1fae3d1816885ee64b03bfff4ab1.jpeg
အနုပညာရှင်များ

 ၀၅-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံမှာခုဆိုရင် အခြေအနေတွေက တစ်နေ့ထက်တစ်နေ့ပိုမိုတင်းမာလာပြီး အိုးအိမ်ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးမှုတွေရှိလာသလို လူထုလှုပ်ရှားမှုကြီးဟာဆိုရင်လည်း ကြားရသတင်းတိုင်းက ကြေကွဲဝမ်းနည်းစရာကောင်းလွန်းတာတွေ များပြားတာကြောင့် ပြည်သူတွေကလည်း စိုးရိမ်ထိန့်လန့်မှုများစွာကြားမှာ နေ့စဉ်နဲ့အမျှနေထိုင်နေကြရပါတယ်။ဒီလိုစိုးရိမ်ထိန့်လန့်မှုတွေ အန္တရာယ်တွေကြားကနေပဲ ယုံကြည်ချက်ပန်းတိုင်ကိုရောက်ဖို့ အားမလျော့ဘဲ ဒီနေ့ထိလှုပ်ရှားမှုတွေပြုလုပ်နေကြဆဲပါ။

Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 

လှုပ်ရှားမှုတွေကို အန္တရာယ်ကြားကနေ ဒီနေ့ထိ ရဲရင့်စွာပြုလုပ်နေကြတဲ့ ပြည်သူအချင်းချင်းကလည်း တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမစောင့်ရှောက်ရင်း ဆန္ဒထုတ်ဖော်နေကြတာ တကယ်ကိုလေးစားစရာပါပဲနော်။အဲ့လို အန္တရာယ်ကြားမှာလှုပ်ရှားပါဝင်ရင်း အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေကိုလည်း ပြည်သူတွေက ဝမ်းနည်းကြေကွဲစွာ ဂုဏ်ပြုခဲ့ကြတာလည်းဖြစ်ပါတယ်။

Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 

အနုပညာရှင်တွေကလည်း ရရာနေရာကနေ ပုံစံအမျိုးမျိုးနဲ့ ကူညီထောက်ပံ့မှုတွေပေးနေကြတာလည်းတကယ်ကိုလေးစားစရာပါပဲ။အခုလည်း မခိုင်လေးက မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းစေရန်နဲ့ အသက်ပေးသွားတဲ့ သူရဲကောင်းတွေအတွက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရင်း ကုသိုလ်ပြုခဲ့ကြောင်း ခုလိုရေးသားဝေမျှလာပါတယ်။" ပဋ္ဌာန်းရွတ်ဖတ်ပူဇော်အရပ်ဆယ်မျက်နှာနေအားလုံးသောသတ္တဝါတွေဘေးရန်ကင်းကြပါစေ စိတ်ဆင်းရဲကင်းကြပါစေ ကိုယ်ဆင်းရဲကင်းကြပါစေကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းရပါလို၏ အမှန်တရားဓမ္မဘက်ကအမြန်ဆုံးအနိုင်ရရပါလို၏ဘုရား ယနေ့ပြုသမျှကောင်းမှူ့ကုသိုလ်နှင့်ပြုပြုသမျှကုသိုလ်တို့ကိုနွေဦးတော်လှန်ရေးတွင်အသက်ပေးသွားကြသည့်သူရဲကောင်းတို့အားအမျှပေးဝေပါတယ် ကုသိုလ်အမျှအမျှအမျှယူတော်မူကြပါ"ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 
Source & Photo Credit : Khine Thin Kyi Facebook Page 
Source & Photo Credit : Khine Thin Kyi Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T