အသက်(၉၀)ကျော်အရွယ်ဖြစ်ပေမယ့် လမ်းပေါ်ထွက်ပြီး ဝမ်းရေးအတွက် စျေးရောင်းကာ ရုန်းကန်နေရတဲ့ အဘွားအိုတစ်ဦး

//s9.kh1.co/fb/fb646a7dee03bb53cf9504a4e0618411a4213748.jpeg
နေ့စဉ်သတင်းများ

 ၀၅-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အသက်(၉၀)ကျော်အရွယ်ဖြစ်ပေမယ့် လမ်းပေါ်ထွက်ပြီး ဝမ်းရေးအတွက် စျေးရောင်းကာ ရုန်းကန်နေရတဲ့ အဘွားအိုတစ်ဦး

တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ပြည်သူတချို့ကတော့ အခုလိုအချိန်မှာတောင် အန္တရာယ်တွေကြားထဲကနေ လမ်းပေါ်ထွက်ပြီး လုပ်ကိုင်စားသောက်နေရတာပဲဖြစ်ပါတယ်။စေတနာရှင်ပြည်သူတစ်စုကလည်း စားဝတ်နေရေးခက်ခဲနေကြတဲ့သူတွေကို လက်လှမ်းမှီသလောက်ကူညီဖေးမပေးကြတာဖြစ်ပါတယ်။ဒီလိုကာလမှာတောင် လမ်းပေါ်ထွက်ပြီး စျေးရောင်းနေတဲ့ အသက်(၉၀)ကျော်အဘွားအိုကို လမ်းသွား၊လမ်းလာပြည်သူတွေက ပစ္စည်းလေးတွေဝယ်ယူအားပေးခဲ့ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဘွားက မန္တလေးမြို့(၈၁)လမ်းနဲ့ (၂၈)လမ်းထောင့် မြို့မရုပ်ရှင်ရုံမျက်နှာချင်းဆိုင်မှာ ထင်းရှူးဆီလေးတွေနဲ့ ပလက်စတစ်ပုံးလေးတွေရောင်းချနေတာဖြစ်ပါတယ်။အဘွားရဲ့ခင်ပွန်းသည်က (၁၉၈၈)ခုနှစ်ကတည်းက ဆုံးပါးသွားခဲ့တာဖြစ်ပြီး သားသမီးတွေလည်းမရှိတာကြောင့် အသိအိမ်တစ်အိမ်မှာ ကပ်နေရတာဖြစ်ပါတယ်။အသက်(၉၀)ကျော်နေပေမယ့်လည်း ဝမ်းရေးအတွက်ရုန်းကန်နေရတဲ့ အဘွားဒေါ်တင်မြကို စေတနာရှင်ပြည်သူတစ်ဦးကခေါက်ဆွဲခြောက်တစ်ဖာနဲ့ ငါးသောင်းကျပ်ကို လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုကာလမျိုးမှာ လူတိုင်းကိုယ်စီခက်ခဲနေကြပေမယ့်လည်း မိမိတို့မှာရှိတာလေးကို မျှဝေကူညီပေးနေကြတာဖြစ်ပါတယ်။အဘွားကတော့ ငွေငါးသောင်းကျပ်လှူဒါန်းပေးတဲ့ ပြည်သူတစ်ဦးကို ကျေးဇူးတင်ပြီး စားဝတ်နေရေးအဆင်ပြေသွားတဲ့အတွက် ဝမ်းသာပီတိဖြစ်နေတာဖြစ်ပါတယ်။အဘွားကတော့ ကိုယ့်ရဲ့ဝမ်းရေးအတွက် တတ်နိုင်သလောက်ရုန်းကန်နေရရှာတာကြောင့် (၈၁)လမ်းနဲ့ (၂၈)လမ်းထောင့် မြို့မရုပ်ရှင်ရုံရှေ့ကို ရောက်ခဲ့ရင် တတ်နိုင်သလောက် ကူညီပေးကြပါဦးလို့ တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T