ဘယ်ဘက်နံရိုးကြားကနေ ကျည်ဝင်ပြီး နှလုံးကိုထိမှန်သွားတဲ့အချိန်မှာတောင် ပြည်သူတွေကိုလွတ်အောင်ပြေးဖို့ပြောခဲ့တဲ့ သင်္ဃန်းကျွန်းကသူရဲကောင်း

//s9.kh1.co/d4/d4a6e8161ab8ea50e85cbc13b23751e5f52837a1.jpg
နေ့စဉ်သတင်းများ

 ၀၄-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဘယ်ဘက်နံရိုးကြားကနေ ကျည်ဝင်ပြီး နှလုံးကိုထိမှန်သွားတဲ့အချိန်မှာတောင် ပြည်သူတွေကိုလွတ်အောင်ပြေးဖို့ပြောခဲ့တဲ့ သင်္ဃန်းကျွန်းကသူရဲကောင်း

လူထုလှုပ်ရှားမှုပွဲတွေကတော့ ဖေဖော်ဝါရီလကတည်းက စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ပြည်သူတွေကလည်း ယခု ဧပြီလအထိတိုင်အောင် အရှိန်အဟုန်မပျက် ကြိုးစားလာခဲ့ကြတာ ဖြစ်ပါတယ် ။ လက်ရှိမှာဆိုရင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကျဆုံးသူ (၅၀၀) ကျော်တောင် ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ် ။ အသက်ပေးသွားခဲ့ရတဲ့သူတွေရဲ့ရဲစွမ်းသတ္တိရှိမှုကို အသိအမှတ်ပြုပြီး ပြည်သူတွေက သူတို့ကို သူရဲကောင်းလို့ လေးစားသဖြင့် ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

သင်္ဃန်းကျွန်းမြို့နယ်မှာ ကျဆုံးခဲ့တဲ့ ကိုဟိန်းထက်ဒွေးကလည်း တကယ့်ကို လေးစားချင်စရာကောင်းတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ပါတယ် ။ အသက် (၂၄)နှစ်အရွယ်ရှိတဲ့ ကိုဟိန်းထက်ဒွေးက Food Panda Rider အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ် ။ သူကတော့ လှိုင်သာယာမှာ ပစ်ဖောက်ဖြိုခွင်းမှုတွေ ဖြစ်နေတဲ့ညမှာ "သင်္ဃန်းကျွန်းက ငြိမ်နေလို့မရဘူး" ဆိုပြီး ထွက်ကူပေးခဲ့တာ ဖြစ်ပါတယ် ။ အဲ့လိုနဲ့ပဲ လူစုခွဲဖြိုခွင်းမှုတွေ ကြုံတွေ့လာရတဲ့အချိန်မှာတောင် ကိုဟိန်းထက်ဒွေးက မပြေးဘဲ "တစ်ခါပဲသေမယ် နှစ်ခါမသေဘူး"လို့ ပြောခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကိုဟိန်းထက်ဒွေးက ပြည်သူတွေကိုပါဝင်အားဖြည့်ရင်းနဲ့ပဲ ဘယ်ဘက်နံရိုးကနေ ကျည်ဝင်ပြီး နှလုံးကိုထိမှန်ခဲ့တာ ဖြစ်ပါတယ် ။ ကျည်ထိသွားတဲ့အချိန်မှာတောင် ကိုဟိန်းထက်ဒွေးက သူ့ကိုထားခဲ့ပြီး လွတ်အောင်ပြေးဖို့ ဘေးက ညီငယ်လေးတွေကိုပြောခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် ကိုယ့်အသက်ကိုတောင် ပဓာနမထားဘဲ ရဲရဲရင့်ရင့် ပါဝင်လှုပ်ရှားခဲ့တဲ့ ကိုဟိန်းထက်ဒွေးကို ပြည်သူတွေက လေးစားဂုဏ်ပြုနေကြတာ ဖြစ်ပါတယ် ။ ကိုဟိန်းထက်ဒွေးလည်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T