ရုပ်အလောင်းပြန်မရခဲ့တာကြောင့် လမ်းပေါ်မှာကျန်ခဲ့တဲ့ဦးနှောက်တွေကိုသာ အိုးထဲထည့်ပြီးမြှုပ်ပေးခဲ့ရတဲ့ မန္တလေးကသူရဲကောင်းလေးရဲ့စျာပန

//s9.kh1.co/b8/b8849ffa2ba56e08f3263d90284925c8376e254f.jpg
နေ့စဉ်သတင်းများ

 ၀၄-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ရုပ်အလောင်းပြန်မရခဲ့တာကြောင့် လမ်းပေါ်မှာကျန်ခဲ့တဲ့ဦးနှောက်တွေကိုသာ အိုးထဲထည့်ပြီးမြှုပ်ပေးခဲ့ရတဲ့ မန္တလေးကသူရဲကောင်းလေးရဲ့စျာပန

လူငယ်လေးတွေက အသက်ငယ်ပေမယ့်လည်း ရဲစွမ်းသတ္တိအပြည့်ရှိကြပြီး ပြည်သူတွေကို ကာကွယ်ဖို့အတွက် ထိပ်ဆုံးကနေ နေရာယူနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ကိုယ့်နိုင်ငံအတွက် တာဝန်ကျေပွန်ရင်းနဲ့ပဲ အသက်ပေးသွားခဲ့ရတဲ့ ကိုရဲနေမင်းရဲ့အကြောင်းကတော့ စိတ်ထိခိုက်ဝမ်းနည်းစရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ ကိုရဲနေမင်းက အသက် (၁၉) နှစ်အရွယ်လေးနဲ့ ကြွေလွင့်ခဲ့ရတာဖြစ်ပြီး လူထုလှုပ်ရှားမှုမှာ ပါဝင်ချင်တာကြောင့် အိမ်ကိုတောင်မပြန်ဘဲ သူငယ်ချင်းအိမ်မှာနေခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-May Thandar's FB Acc
Photo Credit-May Thandar's FB Acc
Photo Credit-Original Uploader
Photo Credit-Original Uploader

ကိုရဲနေမင်းက ဧပြီလ (၁)ရက်နေ့၊ မွန်းလွဲပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်မှာ ဦးခေါင်းကျည်ထိမှန်ကာ ကျဆုံးခဲ့တာ ဖြစ်ပါတယ် ။ ကိုရဲနေမင်းရဲ့ရုပ်အလောင်းကို ပြန်မရခဲ့တာကြောင့် မိသားစုဝင်တွေခမျာ စျာပနပွဲ မကျင်းပနိုင်အောင်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။ ဧပြီလ (၃) ရက်နေ့မှာတော့ လမ်းပေါ်မှာကျန်ခဲ့တဲ့  သူရဲကောင်းကိုရဲနေမင်းရဲ့ဦးနှောက်တွေကိုသာ အိုးထဲထည့်ပြီး မြှုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-May Thandar's FB Acc
Photo Credit-May Thandar's FB Acc
Photo Credit-May Thandar's FB Acc
Photo Credit-May Thandar's FB Acc

ရုပ်အလောင်းမပါဘဲ လိုက်ပါပို့ဆောင်ပေးခဲ့ရတဲ့ ကိုရဲနေမင်းရဲ့စျာပနခရီးက ပုံရိပ်တွေကတော့ တကယ့်ကို ကြေကွဲဝမ်းနည်းစရာကောင်းနေတာ အမှန်ပဲဖြစ်ပါတယ် ။ ပြည်သူတွေကလည်း ကိုရဲနေမင်းကျဆုံးခဲ့တဲ့နေရာမှာ ထီးလေးမိုးပေးထားပြီး ပန်းတွေ၊ ရေသန့်ဘူးတွေနဲ့ အစားအသောက်ဘူးတွေ လာချပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းလေး ကိုရဲနေမင်းရဲ့စျာပနပွဲက ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-May Thandar's FB Acc

Photo Credit-May Thandar's FB Acc
Photo Credit-May Thandar's FB Acc
Photo Credit-May Thandar's FB Acc
Photo Credit-May Thandar's FB Acc
Photo Credit-May Thandar's FB Acc
Photo Credit-May Thandar's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T