ညာလက်ကိုကျည်ဆန်မှန်တဲ့အပြင် ဖမ်းခံရချိန်မှာရိုက်နှက်ခံရလို့ ကိုယ်၊လက်အင်္ဂါမစုံတော့တာကြောင့် ဖခင်ကိုရင်ဖွင့်နေတဲ့ လူငယ်လေးတစ်ဦး

//s9.kh1.co/73/736f9f558919acbfeda3476e9ef06c9369b196cc.jpeg
နေ့စဉ်သတင်းများ

 ၀၄-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ညာလက်ကိုကျည်ဆန်မှန်တဲ့အပြင် ဖမ်းခံရချိန်မှာရိုက်နှက်ခံရလို့ ကိုယ်၊လက်အင်္ဂါမစုံတော့တာကြောင့် ဖခင်ကိုရင်ဖွင့်နေတဲ့ လူငယ်လေးတစ်ဦး

ပြည်သူလူထုကတော့ အချင်းချင်းအသက်ပေးပြီး ကာကွယ်စောင့်ရှောင့်နေကြတဲ့အပြင် ဖမ်းဆီးခံသွားရတဲ့သူတွေအတွက်လည်း Speak Out လုပ်ပေးနေကြတာ ဖြစ်ပါတယ်။အခုလိုကာလမှာ လူငယ်တွေအများအပြားဖမ်းဆီးခံသွားရပြီး ရိုက်နှက်ခံရတဲ့သူတွေလည်းရှိပါတယ်။မတ်လ(၂၇)ရက်နေ့ မကွေးမြို့က လူထုလှုပ်ရှားမှာမှာ (၃၇)ဦးဖမ်းဆီးခံသွားရတာဖြစ်ပါတယ်။ထိခိုက်ဒဏ်ရာရတဲ့သူ (၈)ဦးရှိပြီး အဆိုးဆုံးကတော့ Defense Teamထဲမှာ ပါဝင်တဲ့ မောင်လျှံဖြိုးအောင်က အရမ်းထိခိုက်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်လျှံဖြိုးအောင်က ထိပ်တိုက်ရင်ဆိုင်တွေ့နေချိန်မှာ သူ့ရဲ့ညာလက်ကို ကျည်ဆံထိမှန်သွားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်လည်း ဖမ်းမိသွားတဲ့အချိန်မှာ ဝိုင်းရိုက်နှက်ကြပြီး ကျည်ထိသွားတဲ့လက်ကို ဖိနပ်တွေနဲ့ဝိုင်းနင်းကြတာကြောင့် အရိုးတွေပါကြေသွားခဲ့တာဖြစ်ပါတယ်။အခုဆိုရင် မောင်လျှံဖြိုးအောင်ရဲ့ညာလက်ကို ဖြတ်လိုက်ရပြီး သွားတွေလည်းမရှိတော့တဲ့အပြင် မျက်နှာကိုပါကျည်စတွေမှန်ထားတာ ဖြစ်ပါတယ်။သားလေးရဲ့တစ်ကိုယ်လုံးမှာ ဒဏ်ရာအပြည့်နဲ့ ရစရာမရှိဖြစ်နေလို့ မိဘတွေခမျာ အရမ်းရင်ကျိုးနေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်လျှံဖြိုးအောင်သတိရလာတော့ “သားညာဘက်လက်လေး ဘယ်ရောက်သွားလဲ”ဆိုပြီး မိဘတွေကိုမေးနေတာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်က နည်းပညာတက္ကသိုလ်မှာ တတိယနှစ်တက်ရောက်မယ့်ကျောင်းသားလေးဖြစ်ပြီး ကျောင်းတွေပြန်ဖွင့်ရင် “သားမှာ ညာဘက်လက်မရှိတော့ ပုံတွေဘယ်လိုဆွဲမလဲ၊စာကြည့်၊စာဖတ်တော့ဘယ်ဘက်မျက်လုံးတစ်လုံးတည်းနဲ့ ကြည့်လို့အားမရတော့ဘူး”ဆိုတဲ့အကြောင်းတွေ ဖခင်ကိုရင်ဖွင့်နေတာဖြစ်ပါတယ်။ဖခင်ဖြစ်သူကလည်း သားလေးကို နှစ်သိမ့်စကားလေးတွေပြန်ပြောပြီး အားပေးနေတဲ့အကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T