လမ်းပေါ်ထွက်မယ့်သားလေးကို ဘေးကင်းဖို့အတွက် ဆုတောင်းပေးခဲ့ပေမယ့် ညဘက်မှာကျဆုံးသွားလို့ယူကျုံးမရဖြစ်နေတဲ့ ဖခင်တစ်ဦး

//s9.kh1.co/62/62329660295b48c710842eb9770a38218c9b5af2.jpeg
နေ့စဉ်သတင်းများ

 ၀၄-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

လမ်းပေါ်ထွက်မယ့်သားလေးကို ဘေးကင်းဖို့အတွက် ဆုတောင်းပေးခဲ့ပေမယ့် ညဘက်မှာကျဆုံးသွားလို့ယူကျုံးမရဖြစ်နေတဲ့ ဖခင်တစ်ဦး

အခုဖြစ်ပေါ်နေတဲ့အခြေအနေတွေကို လူကြီး၊လူငယ်မရွေး အကုန်လုံးကရင်ဆိုင်နေရတာဖြစ်လို့ Gen X,Y,Zတွေကကိုယ်စွမ်းဆောင်နိုင်တဲ့နေရာကနေ စိတ်ဓာတ်အားမာန်အပြည့်နဲ့ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။လမ်းပေါ်ထွက်ပြီး ရှေ့ဆုံးကနေ ရွပ်ရွပ်ချွံချွံပါဝင်နေကြတဲ့ လူငယ်လေးတွေဆိုရင် မိမိတို့ရဲ့အသက်ကိုတောင် ပဓာနမထားဘဲ စွန့်လွှတ်အနစ်နာခံရဲတဲ့စိတ်နဲ့ လှုပ်ရှားနေကြတာဖြစ်ပါတယ်။တချို့မိဘတွေကလည်း သားသမီးတွေရဲ့ဆန္ဒကိုလိုက်လျောကြပြီး နောက်ကနေကူညီပံ့ပိုးပေးနေကြတာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

မိမိတို့ရဲ့အဖိုးတန်သားသမီးလေးတွေကို လမ်းပေါ်နေ့တိုင်းထွက်ဖို့ ကြည်ကြည်ဖြူဖြူနဲ့ သွားခွင့်ပြုပြီး ကိုယ်တိုင်လိုက်ပို့ပေးကြတဲ့ မိဘတွေလည်းရှိကြပါတယ်။လူငယ်တွေကတော့ လမ်းပေါ်ထွက်ရင် အသက်အန္တရာယ်ကြုံတွေ့ရမယ်ဆိုတာကို သိကြတာကြောင့် အိမ်ကမထွက်ခင်မှာ မိဘကို ရှိခိုးကန်တော့ခဲ့ကြတာဖြစ်ပါတယ်။မိဘတွေကလည်း သားသမီးတွေဘေးအန္တရာယ်ကင်းဖို့အတွက် ဆုတွေတစ်သီကြီးပြန်ပေးနေကြတဲ့ ပုံရိပ်တွေကိုကြည့်ပြီးပြည်သူတွေကပါကြည်နူးနေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း ဖခင်တစ်ဦးက လူထုလှုပ်ရှားမှုသွားကြမယ့် သားလေးတွေကို အသက်အန္တရာယ်ကင်းဖို့အတွက်ဆုတောင်းပေးနေတာဖြစ်ပါတယ်။ကံမကောင်းစွာနဲ့ပဲ သားဖြစ်သူက ညဘက်မှာ ကျဆုံးသွားခဲ့ပြီး မနက်ကျမှအလောင်းပြန်ကောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ဖခင်ဖြစ်သူကတော့ သူ့ရဲ့ဆုတောင်းတွေမပြည့်ခဲ့တာကြောင့် သားလေးအတွက် ဖြည်မဆည်နိုင်ဖြစ်ပြီး အရမ်းခံစားနေတာဖြစ်ပါတယ်။သားလေးမကျဆုံးခင်မှာ ရိုက်ထားမိတဲ့နောက်ဆုံးအမှတ်တရပုံရိပ်လေးကြောင့် ပြည်သူတွေကလည်း မိသားစုနဲ့ထပ်တူခံစားနေရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T