ခုလိုကာလမှာ အဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရတဲ့ မိသားစုတွေကို တတ်နိုင်သလောက် ကူညီစောင့်ရှောက်မှုတွေပြုလုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/6f/6fbc6efb24a04292f2f7950f5aeda3b0ab46ec27.jpeg
အနုပညာရှင်များ

 ၀၃-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.....

ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို အမြဲ အားကြိုးမာန်တတ် ဆောင်ရွက်နေသူဖြစ်ပြီး တတ်နိုင်သလောက် ကိုယ်တိုင်ဦးဆောင်ကာအမြဲတမ်းလုပ်ဆောင်နေတာကိုလေးစားစွာတွေ့မြင်ရပါတယ်။အကူအညီလိုအပ်သူတိုင်းအတွက်လည်း အိမ်တိုင်ရာရောက်သွားရောက်ကူညီသလို အားပေးစကားတွေနဲ့လည်း နှစ်သိမ့်ပေးတာကြောင့် မွန်မြတ်တဲ့စိတ်ထားလေးကိုပိုင်ဆိုင်ထားသူတစ်ယောက်ပါ ။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

ခုလိုတော်လှန်ရေးကာလကြီးမှာလည်း ပြည်သူတွေနဲ့အတူရပ်တည်ကာ လိုအပ်တာမှန်သမျှကို ရရာနေရာကနေ တတ်နိုင်သလောက်ပါဝင်ကူညီရင်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင်တိုက်ပွဲမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေဆီကိုလည်း ကိုယ်တိုင်သွားရောက်ကာ အလှူငွေများလည်း လှူဒါန်းခဲ့ပါသေးတယ်။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

ဒီလိုကာလကြီးမှာ နေရာတိုင်း အပစ်အခတ်တွေရှိနေတာကြောင့် အလုပ်အကိုင်အများကိုလည်း အလွယ်တကူမလုပ်နိုင်ဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အိမ်ထောင်စုတွေများစွာရှိနေတာလည်းဖြစ်ပါတယ်။ ခိုင်နှင်းဝေက ဒီလိုစားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အိမ်ထောင်စုတွေကို ဆန်၊ဆီအပြင်အခြားလိုအပ်တဲ့စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းကူညီဖြစ်ခဲ့ကြောင်းသူရဲ့အကောင့်လေးမှာဝေမျှထားတာတွေ့ရပါတယ်။ခုလိုပြည်သူအချင်ချင်း ရိုင်းပင်းကူညီစောင့်ရှောက်နေကြတာကြည့်ပြီး တကယ်ကို ကြည်နူးပီတိဖြစိမိတာကြောင့်ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Source & Photo Credit : Khine Hnin Wai Facebook Page 
Source & Photo Credit : Khine Hnin Wai Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T