မီးဘေးနဲ့စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေထဲက ကလေးတွေမှာ အဝတ်တွေလိုအပ်နေတာကြောင့် ကိုယ်တိုင်ချုပ်ပြီးလှူဖို့စီစဥ်နေတဲ့ အမျိုးသမီးတစ်ဦး

//s9.kh1.co/72/72197f786b4ac3ac72ca5c0957c253f73376c579.jpg
နေ့စဉ်သတင်းများ

 ၀၃-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

မီးဘေးနဲ့စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေထဲက ကလေးတွေမှာ အဝတ်တွေလိုအပ်နေတာကြောင့် ကိုယ်တိုင်ချုပ်ပြီးလှူဖို့စီစဥ်နေတဲ့ အမျိုးသမီးတစ်ဦး

လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံက နေရာတစ်ချို့မှာဆိုရင် တိမ်းရှောင်နေရတဲ့ ပြည်သူတွေလည်း ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ စစ်ဘေးရှောင်ပြည်သူတွေ များပြားလာခဲ့ပြီဖြစ်သလို မန္တလေးတိုင်းဒေသကြီးမှာလည်း မီးဘေးကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရတဲ့သူတွေ ရှိနေခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီပြည်သူတွေအတွက် အလှူရှင်တွေကလည်း လိုအပ်တာတွေကို တတ်နိုင်သလောက် လှူဒါန်းပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Ying Ying's FB Acc
Photo Credit-Ying Ying's FB Acc

မီးဘေးနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်တွေအပြင် အဝတ်အစားတွေပါ လိုအပ်တာကြောင့် အလှူခံတဲ့ Post တွေလည်း လူမှုကွန်ယက်စာမျက်နှာတွေထက်မှာ မြင်တွေ့လာရတာ ဖြစ်ပါတယ် ။ အခုလည်း စေတနာရှင် အမျိုးသမီးတစ်ဦးက မီးဘေးနဲ့စစ်ဘေးရှောင် ပြည်သူတွေထဲမှာပါဝင်တဲ့ ကလေးတွေအတွက် အဝတ်အစားတွေကို ကိုယ်တိုင်ချုပ်ပြီး လှူဖို့ပြင်ဆင်နေတာ ဖြစ်ပါတယ် ။ အဲ့ဒီအမျိုးသမီးက သူမမှာရှိတဲ့အစလေးတွေနဲ့ ကလေးဝတ် အထည်လေးတွေကို ချုပ်လုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Ying Ying's FB Acc
Photo Credit-Ying Ying's FB Acc
Photo Credit-Ying Ying's FB Acc
Photo Credit-Ying Ying's FB Acc

"တောင်းမှာအကွပ် လူမှာအဝတ်" ဆိုတဲ့စကားအတိုင်း ကလေးတွေကို ဝတ်စေချင်တဲ့စေတနာနဲ့ အဝတ်ဆင်ပေးချင်တာကြောင့် ပိတ်စတွေ အလှူခံလာခဲ့တာ ဖြစ်ပါတယ် ။ တစ်ယောက်အားထက်စာရင် အများအားနဲ့ ဝိုင်းဝန်းကူညီပေးမှသာ ကလေးတွေအတွက် အဆင်ပြေနိုင်မှာဖြစ်ကြောင်း ပြောထားတာလည်း ဖြစ်ပါတယ် ။ စေတနာရှင် အမျိုးသမီးကိုယ်တိုင် မီးဘေးနဲ့စစ်ဘေးရှောင်နေရတဲ့ ကလေးတွေအတွက် ရည်ရွယ်ပြီး ချုပ်လုပ်ပေးထားတဲ့ ကလေးဝတ် အထည်ပုံလေးတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Ying Ying's FB Acc

Photo Credit-Ying Ying's FB Acc
Photo Credit-Ying Ying's FB Acc
Photo Credit-Ying Ying's FB Acc
Photo Credit-Ying Ying's FB Acc
Photo Credit-Ying Ying's FB Acc
Photo Credit-Ying Ying's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T