သွေးမအေးသွားဘဲ ခိုင်မာပြတ်သားတဲ့ သူ့ရဲ့ခံယူချက်နဲ့ ယုံကြည်မှုတွေကို ရဲရဲဝင့်ဝင့်ပြောပြလာတဲ့ မေဦး

//s9.kh1.co/68/68958674bcc2b007338c79c559d900a03afbe85f.jpg
အနုပညာရှင်များ

 ၀၃-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. မိတ်ကပ်ပညာလောကမှာ ထိပ်တန်းကနေအောင်မြင်ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ မိတ်ကပ်မေဦးကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အစွမ်းကုန်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

ဖေဖော်ဝါရီလအစပိုင်းကတည်းက စတင်ခဲ့တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေအင်တိုက်အားတိုက်လုပ်ပြုလုပ်နေတဲ့ မေဦးကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံရတဲ့ အနုပညာရှင်များထဲမှာ မေဦး လည်း ပါဝင်လာပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

မေဦးကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံထားရပေမယ့်လည်း လက်ရှိအချိန်တွေမှာ လုပ်ဆောင်နေတဲ့ အရာတွေနဲ့ပတ်သက်ပြီး သွေးမအေးသွားဘဲခိုင်မာပြတ်သားတဲ့ သူ့ရဲ့ခံယူချက်နဲ့ ယုံကြည်မှုတွေကို ရဲရဲဝင့်ဝင့်ပြောပြလာပါတယ်..။

တစ်သက်လုံးမှန်တာပဲပြောပြီး မဟုတ်တာမလုပ်ခဲ့တဲ့အပြင် အမှန်တရားကိုမြတ်နိုးသူဖြစ်သလို အကြောက်တရားကိုဖယ်ရှားပြီး ဓမ္မအတွက်ရှေ့ဆက်ရင်ဆိုင်သွားကြဖို့ကိုလည်း မေဦးကတိုက်တွန်း ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

"ကျွန်တော့်တစ်သက်လုံး မှန်တာပဲပြောတယ်

မဟုတ်တာလည်း ဘယ်တော့မှမလုပ်ခဲ့တဲ့

အတွက်ဘယ်အရာကိုမှမကြောက်ဘူး??

ဒါကြောင့် အမှန်တရားကိုမြတ်နိုးသူများ အကြောက်တရားကိုဖယ်ရှားပြီး

ဓမ္မအတွက်ဆက်ပြီးတော်လှန်ကြပါ??❤️

အာဏာရှင်စနစ်ကိုအမြစ်ပြုတ်ဖို့ အားလုံးဝိုင်းဝန်းပြီးပါဝင်ကူညီပေးကြပါ ?????.." ဆိုပြီး မေဦးက ရေးသားပြောပြထားတာပါ..။

အမှန်တရားနဲ့ ယုံကြည်ချက်တွေအတွက် ရဲရဲဝင့်ဝင့်ရပ်တည်ရင်ဆိုင်နေတဲ့ မေဦးရဲ့ပြတ်သားတဲ့စိတ်သဘောထားတွေကို ပရိသတ်တွေကလည်း လေးစားချီးကျူးရင်း အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

သတင်း အရင်းအမြစ်May Oo's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T