ပစ်ဖောက်သံတွေကြားမှာ အသက်လုပြီးပြေးနေရပေမယ့် ကျည်ထိလူနာကို ရအောင်ကယ်ထုတ်လာခဲ့ကြတဲ့ ပြည်သူတချို့

//s9.kh1.co/16/163e3b627fd4e323c2d6409c59dd2c900dfa1ca3.jpeg
နေ့စဉ်သတင်းများ

 ၀၃-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ပစ်ဖောက်သံတွေကြားမှာ အသက်လုပြီးပြေးနေရပေမယ့် ကျည်ထိလူနာကို ရအောင်ကယ်ထုတ်လာခဲ့ကြတဲ့ ပြည်သူတချို့

မြန်မာပြည်သူ၊ပြည်သားတွေကတော့ COVID-19 (first wave)ကတည်းက လူသားအချင်းချင်း ဖေးမကူညီပြီးအားတင်းထားကြတာ ဖြစ်ပါတယ်။ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခြေအနေကိုလည်းပြည်သူလူထုက စည်းစည်းလုံးလုံးနဲ့ ရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။ပြည်သူတွေကတော့ အသက်လည်းပေးရဲကြပြီး အားကြိုးမာန်တက်နဲ့ဆောင်ရွက်နေကြတာဖြစ်ပါတယ်။လက်ရှိအချိန်ထိဆိုရင် ကျဆုံးသွားပြီဖြစ်တဲ့အာဇာနည်သူရဲကောင်းတွေလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အတူတူရင်ဆိုင်နေကြတဲ့ ပြည်သူတွေကလည်း အန္တရာယ်တွေကြားထဲကနေ အပြန်အလှန်ကာကွယ်စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း လူထုလှုပ်ရှားမှုမှာ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်နေကြတဲ့ ပြည်သူတချို့က ဖြိုခွင်းခံရတဲ့အချိန်မှာ ပစ်ဖောက်သံတွေကြား အသက်လုပြီး ပြေးနေရပေမယ့် ကျည်ထိလူနာကိုရအောင်ကယ်လာခဲ့ကြတာ ဖြစ်ပါတယ်။ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ ယောက်ျားလေးတစ်စုကတော့ ကျည်ထိသွားတဲ့သူရဲကောင်းကို ဝိုင်းမလာကြပြီး အန္တရာယ်ကင်းတဲ့နေရာကို ခေါ်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အသက်အန္တရာယ်နဲ့ကြုံနေရတဲ့သူကို တစ်ယောက်တည်းမထားခဲ့ဘဲ ပြန်သယ်လာပေးခဲ့ကြတဲ့ ယောက်ျားလေးတစ်စုရဲ့ စိတ်ဓာတ်တွေက လေးစားဖို့ကောင်းပါတယ်။ကျည်ထိသွားတဲ့လူနာကလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားရှိပြီး သယ်သွားတဲ့လမ်းတစ်လျှောက်မှာ သွေးတွေကလည်း စီးကျနေခဲ့တာဖြစ်ပါတယ်။ယောက်ျားလေးတစ်စုရဲ့ ရဲရင့်တဲ့စိတ်ဓာတ်နဲ့ အချင်းချင်းအသက်ပေးပြီး ကာကွယ်နေကြတဲ့ လေးစားစရာပုံရိပ်ကိုတွေပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T