စားဝတ်နေရေးခက်ခဲနေကြတဲ့ Foodpanda မှ Delivery သမားတွေကိုစားသောက်ကုန်တွေ ထုတ်ပေးပြီးလှူဒါန်းနေတဲ့ နေဒွေး

//s9.kh1.co/2a/2a3cd3fdb67ed7754a7c7cd953245ed2eaa15620.jpg
အနုပညာရှင်များ

 ၀၃-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်အခိုင်အမာနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားတဲ့ သရုပ်ဆောင်မင်းသားနေဒွေးကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလပိုင်းကလည်း လှူဒါန်းမှုတွေပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

နေဒွေးကတော့ အခြေအနေအရပ်ရပ်ကြောင့် စားဝတ်နေရေးကြပ်တည်းပြီး အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက်အလှူအတန်းတွေပြုလုပ်ပြီး ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

နေဒွေးကတော့ ဒီကနေ့ဧပြီလ(၃)ရက်နေ့မှာလည်း စားဝတ်နေရေးခက်ခဲနေကြတဲ့ Foodpanda မှ Delivery သမားတွေကိုစားသောက်ကုန်တွေ ထုတ်ပေးပြီးလှူဒါန်းပေးမယ့်အကြောင်းကိုလည်း အသိပေးပြောပြလာပါတယ်..။

မနက်စောစောအလှူပြုလုပ်ပြီး ကောင်းမှုကုသိုလ်တွေနဲ့ စတင်လိုက်တာဖြစ်ပြီး Foodpanda မှ ခက်ခဲနေကြတဲ့ နောက်ထပ် Delivery သမားတွေကိုလည်း ဝန်ထမ်းကဒ်ပြရုံနဲ့ ဆန်နဲ့ဆီတွေ လာရောက်ထုတ်ယူနိုင်တဲ့အကြောင်းကို နေဒွေးက ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

"မနက်စောစောကုသိုလ်??????

ကျွန်တော်တို့ရဲ့ အစားအသောက်လိုအပ်ချက်အတွက် အမြဲပို့ဆောင်ပေးနေတဲ့Foodpanda မှပြည်သူများစားဝတ်နေအခက်အခဲအတွက် JITTOO အော်ဂန်းနစ်ရွှေဆန် , ဆီ , ခေါက်ဆွဲခြောက် နှင့်စားသောက်ကုန်များကို အလှုဒါနပြုပေးခဲ့ပါသည်။ နောက်ထပ် Foodpanda မှ စားဝတ်နေရေးခက်ခဲနေသောပြည်သူများ Foodpanda ဝန်ထမ်းကဒ်ဖြင့် ဆန် နှင့် ဆီ များလာရောက်ထုတ်ယူနိုင်ပါတယ်ခင်ဗျ?

ဒီညီလေးကလောလောဆယ် တော့ အောက်ကမြို့နယ်များကို လိုက်လံပို့ဆောင်ပေးနေပါတယ်နော် ကျေးဇူးပြုပြီး မှာယူစားသောက်ပြီး ကူညီပေးကြပါအုံးခင်ဗျ??????

Foodpanda ကပါဗျ လူကြီးမင်းတို့စားချင်တဲ့ အစားသောက်လေးတွေကိုမှာယူနိုင်ပါတယ်ဗျ

တာမွေ /ဗဟန်း/ရန်ကင်း/မင်္ဂလာတောင်ညွန့် မြို့နယ်များကိုပို့ဆောင်ပေးနေပါပီ

Deliခကမသတ်မှတ်ထားပါဗျမှာယူပေးမှုကိုပဲ ကျးဇူးတင်နေပါပြီဗျ???09887997922

09791053204.." ဆိုပြီး အလှူအကြောင်းကိုပြောပြရင်း အစားအသောက်တွေမှာယူနိုင်တဲ့အကြောင်းကိုလည်း တိုက်တွန်းဝေမျှထားတာလည်း တွေ့ရပါတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T