သူတောင် မလုပ်ရဲတဲ့ ကိစ္စတွေကို သတ္တိရှိရှိလုပ်ဆောင် နေကြတဲ့ မြို့နယ်တစ်ချို့က ပြည်သူတွေအား လေးစားဂုဏ်ယူနေတဲ့ မင်းမော်ကွန်း

//s9.kh1.co/fd/fd216028c68db02d47f66f34efd376505e5cbbe3.jpeg
အနုပညာရှင်များ

 ၀၂-ပြီ-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းမော်ကွန်းကတော့   ဖေဖော်ဝါရီလမှ စတင်ပြီး  လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ  တက်ကြွစွာ  ပူးပေါင်းပါဝင်နေတာလည်း  ဖြစ်ပါတယ်။  နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ  ရင်ထဲက ဆန္ဒအမှန်တရားတွေကို  ထုတ်ဖော်ပြသနေတာကြောင့် ပရိသတ်တွေကပါ  အားကျ  အတုယူ နေကြရတာပါ။  လတ်တလောအခြေအနေတွေကြောင့်  တိမ်းရှောင်နေရပေမယ့်လည်း  သူ့ရဲ့ လူမှုကွန်ယက်မှနေပြီး သတင်းအချက်အလက်တွေကို  ဝေမျှပေးနေတာပါ။

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  မင်းမော်ကွန်း ရဲ့ Facebook အကောင့်တွင်  သူတောင် မလုပ်ရဲတဲ့ ကိစ္စတွေကို သတ္တိရှိရှိပါဝင် နေကြတဲ့ မြို့နယ်တစ်ချို့က ပြည်သူတွေအား လေးစားဂုဏ်ယူနေကြောင်းကို ရေးသားဝေမျှပေးထားတာပါ။  အခုလက်ရှိမှာလည်း  အမှန်တရားဘက်က ရပ်တည်တဲ့သူမှန်သမျှ  တတ်နိုင်တဲ့ဘက်ကနေ  လူထုလှုပ်ရှားမှုတွေမှာ  ပါဝင်နေကြတာဟာလည်း  ဝမ်းသာစရာပါပဲနော်။

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

သူကလည်း " မြှောက်ပေးတယ် ပြောလည်းမတတ်နိုင်

ဂရုလည်းမစိုက် ကိုယ်တောင်မလုပ်ရဲတဲ့

တစ်ချို့ကိစ္စတွေကိုတော့ လေးစားကြောင်း

ဂုဏ်ယူကြောင်းလောက်ကို

ချီးကျူးပါရစေ ဂုဏ်ပြုပါရစေ

တောင်ဒဂုံ

ဒီမတိုင်ခင်စပြီးအဖိခံရကတည်းက

အနီရောင်အဆင့်တောင်မကအောင်

ခြေမုန်းခဲ့သမျှ ခုထိအကျအဆုံးများစွာနဲ့

ကြံ့ကြံ့ခံတော်လှန်နေတာ 

ဂုဏ်ယူကြောင်းပြောပါရစေ

လှိုင် 

လူညီတယ် ဘယ်လိုဖိဖိ

တစ်ခုမဟုတ်တစ်ခုကတော့ထူးခြားစေရမယ်

အတွေးအခေါ်လည်းကောင်းတယ်

လေးစားပါရစေ

မုံရွာ 

ကြိုက်လိုက်တာဗျာ အရှိန်အဟုန်နဲ့

ခွန်နဲ့အားနဲ့ တက်ကြွနေဆဲ

သတ္တိနဲ့ ဆင်ခြင်တုန်တရားနဲ့ပေါင်းစပ်ထားတဲ့

ဒီလိုခွန်အားမျိုး အားကျပါရစေ

တမူး မြို့လေးသာသေးတယ်

ကလေး နာမယ်သာငယ်နေမယ်

ဂန့်ဂေါ မြို့ကလေးသာခေါင်ရှာတာ

ဒီမြို့တွေကပြည်သူတွေရဲ့

အရည်အသွေးနဲ့ခွန်အားကတော့

မသေးငယ်စေရအောင်ခမ်းနားကြီးကျယ်တဲ့

ကိုယ်ချင်းစာစိတ်မခေါင်းပါးတဲ့

မြို့ငယ်ကလေးများ ပါ

ရဲရင့်လိုက်ကြတာ

လေးစားချစ်ခင်

ဂုဏ်ယူနေပါကြောင်း " ဆိုပြီး ရေးသားထားတာဖြစ်တဲ့အတွက် ပရိသတ်တွေလည်း သိရှိစေရန် တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T