မော်ဒယ် သန္တာလှိုင်ကတော့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခက်ခဲနေတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ စားသောက်ကုန်ပစ္စည်းများကိုလည်း သွားရောက်လှူဒါန်းပေးခဲ့ပါသေးတယ်။ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေရုံတင်မကဘဲလူမှုကွန်ယက်စာမျက်နှာကနေလည်း Speak Out လုပ်ပေးနေတာပါ။
ဒီနေ့ကတော့ လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ဂုဏ်ပြုပေးတဲ့ Flower Strike နေ့ပဲ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွင် အမှန်တရားဘက်ကနေ ရပ်တည်နေကြတဲ့ ပြည်သူတွေနဲ့ အနုပညာရှင်များလည်း ပါဝင်တာကို မြင်တွေ့ကြရမှာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သန္တာလှိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ပြုလုပ်သော Flower Strike လှုပ်ရှားမှုမှာ ပြည်သူတစ်ဦးအနေနဲ့ ပါဝင်ဆုတောင်းခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှထားတာပါ။
သူမကလည်း " ဪ.... ပန်းတွေနဲ့ ရိုက်ရမယ့် Flower Strike နေ့မှာတောင် ရိုက်စရာ ပန်းတွေက အိမ်မှာကျန်ခဲ့ပြိီရှိတဲ့ ပန်းလေးနဲ့ပေါ့ကွယ်။ အရေးတော်ပုံကြီး အောင်ပြီးရင် ပြန်စရာအိမ်မရှိတဲ့လူတွေအားလုံးကို ကိုယ်ချင်းစာပါတယ်။ ကျွန်မမှာ ပြန်စရာအိမ်မရှိတော့ဘူးဆိုရင်တောင်မှ ယောက်ျား နဲ့ ကလေးတွေ အသက်ရှင်လျက်ရှိပါသေးတယ်။ သားသမီးတွေဆုံးရှုံးသွားတဲ့ မိဘတွေရယ် အိမ်ထောင်ဦးစီးမရှိတော့တဲ့ အမေတွေ အမျိုးသမီးတွေရယ်ကိုစဉ်းစားလိုက်ရင် အော် အထုပ်ဆွဲပြီးလျောက်ပြေးနေရတဲ့ ကိုယ့်ဒုက္ခက ဘာမှမပြောစလောက်လေးပါလား ရယ်လို့အားပြန်တင်းပြီး လုပ်စရာရှိတာတွေဆက်လုပ်ဖို့ အားပြန်မွေးရတယ်။
အားတင်းထားကြပါ။ စည်းလုံးတာတွေ စည်းကမ်းရှိပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမနေတာတွေကအောင်မြင်ဖို့ အဓိကကျတဲ့ အချက်တွေပါ။ အားမငယ်ပါနဲ့ အခုချိန်မှာ ဘယ်လိုကြည့်ကြည့် အားရစရာမရှိဘူးလို့ခံစားနေရပေမယ့် တစ်ချိန် ဓမ္မက အဓမ္မကို အုပ်စိုးသွားမှာပါ။
အရေးတော်ပုံ
အောင်ရမည်
#SaveMyammar
#FlowerStrikeMyanmar
#FlowerStrik " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Thandar Hlaing’s Facebook Page