လမ်းမပေါ်ထွက်ပြီး နှစ်ယောက်တည်းလှုပ်ရှားနေကြချိန်မှာ ပြည်သူတချို့ရဲ့လုပ်ရပ်တွေကြောင့် ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ လူငယ်တစ်ဦး

//s9.kh1.co/75/75d49c9677440380791b1fab14059a8555c789d0.jpeg
နေ့စဉ်သတင်းများ

 ၀၂-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

လမ်းမပေါ်ထွက်ပြီး နှစ်ယောက်တည်းလှုပ်ရှားနေကြချိန်မှာ ပြည်သူတချို့ရဲ့လုပ်ရပ်တွေကြောင့် ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ လူငယ်တစ်ဦး

ပြည်သူလူထုကတော့ အခုအခြေအနေမှာဆိုရင် ရိုင်းပင်းကူညီချင်စိတ်အပြည့်နဲ့ အခက်အခဲတွေကိုမျှဝေခံစားပြီးတတ်နိုင်သလောက်ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ လမ်းပေါ်မှာလူတွေခြောက်ကပ်နေကြချိန် သူငယ်ချင်းနှစ်ယောက်တည်းထွက်ပြီး လှုပ်ရှားနေကြတာကြောင့် ဦးဇင်းတစ်ပါးရောက်လာကာ ပါဝင်အားဖြည့်ပေးတာဖြစ်ပါတယ်။ဘုန်းဘုန်းကတော့ လူငယ်လေးနှစ်ယောက်နဲ့အတူ လက်သုံးချောင်းထောင်ပြီးတစ်တပ်တစ်အားကူညီပေးနေတဲ့ပုံက ပီတိဖြစ်စရာကောင်းလှပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

နောက်ထပ်လည်း ဆိုင်ကယ်နဲ့ပြည်သူတစ်ယောက်က သူ့ရဲ့ဆိုင်ကယ်ကိုရပ်ကာ “အစ်ကိုလည်းပါဝင်ပေးမယ်”ဆိုပြီး အင်အားဖြည့်ပေးလိုက်တာဖြစ်ပါတယ်။စျေးကပြန်လာတဲ့ဦးလေးကြီးတစ်ယောက်ကတော့ “သားတို့မနက်စာမစားရသေးဘူး ထင်တယ်”ဆိုပြီး သူ့အိမ်အတွက်ဝယ်လာတဲ့ အသီးတွေကို စေတနာအပြည့်နဲ့ပေးသွားခဲ့တာဖြစ်ပါတယ်။လမ်းပေါ်မှာဖြတ်သွားကြတဲ့သူတွေနဲ့ ကားပေါ်ကလူတွေကလည်း လက်သုံးချောင်းထောင်ပြပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးကြတာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တာဝန်သိပြည်သူတစ်ဦးကတော့ “ညီလေးတို့ မင်းတို့အပါခံလို့မရဘူး”ဆိုပြီး တစ်ခုခုဖြစ်ရင် အဆင်သင့်ဖြစ်အောင်လို့ ဓာတ်ဆီအကုန်ခံကာ သူ့ရဲ့ကားကိုစက်နှိုးထားတာဖြစ်ပါတယ်။ဆိုင်ကယ်နဲ့လူတစ်စုကလည်း လူထုလှုပ်ရှားမှု ပြုလုပ်တာ အဆင်ပြေအောင်လို့ဆိုပြီး ဆိုင်ကယ်တွေနဲ့ ကင်းပတ်ကြည့်ပေးခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး ပြည်သူတွေက တက်တက်ကြွကြွနဲ့ ကိုယ်စွမ်းဆောင်နိုင်တဲ့နေရာကနေ ပါဝင်ကူညီပေးနေကြတာဖြစ်ပါတယ်။ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ လူငယ်လေးကတော့ ဒီအဖြစ်အပျက်တွေကို ကြည်နူးပီတိဖြစ်စွာနဲ့ ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T