မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးဟာဆိုရင် ခုချိန်ထိ လှုပ်ရှားမှုမျိုးစုံနဲ့ အရှိန်အဟုန်ကောင်းနေဆဲပါ။ပြည်သူအားလုံးက ရဲရင့်ကြသလို မျိုးဆက်သစ်လူငယ်လေးတွေရဲ့ တီထွင်နိုင်မှုတွေ ပေါင်းစပ်နိုင်ခဲ့တာကြောင့် နိုင်ငံအသီးသီးကလည်း လေးစားချီးကျူးနေကြတာပါ။လူငယ်တွေကလည်း ဘယ်လောက်ပဲအခက်အခဲတွေရှိနေပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်လှမ်းနေခဲ့တာ ဒီနေ့ဆိုရင် ဒီလူထုလှုပ်ရှားမှုကြီးဟာ နှစ်လပြည့်ခဲ့ပါပြီ။
ပြည်သူတွေကလည်း တစ်ရက်မှစိတ်ဓာတ်မကျသွားဘဲ နည်းမျိုးစုံသုံးကာ နွေဦးတော်လှန်ရေးကြီး အောင်မြင်ရန် ယုံကြည်ချက်တွေအပြည့်နဲ့ စည်းလုံးညီညွတ်စွာ ရရာနေရာကနေ လူကြီး လူငယ်မရွေးပါဝင်လှုပ်ရှားနေကြတာပါ။ ဒီနေ့ဧပြီ (2) ရက်နေ့မှာဆိုရင်လည်း အသက်ပေးကာတိုက်ပွဲဝင်သွားကြတဲ့ သူရဲကောင်းတွေအတွက် Flower Strike ဆိုတဲ့ လှုပ်ရှားမှုကြီးကို ပြုလုပ်လျက်ရှိတာတွေ့ရပါတယ်။
လူတိုင်းမှာ အိမ်အပြန်လမ်းရှိပေမယ့် တိုက်ပွဲဝင်ရင်း အသက်ပေးကာ ပြန်မလာနိုင်တော့တဲ့ သူရဲကောင်းလေးတွေအတွက်ပန်းစည်းလေးတွေချကာ ဆုတောင်းဂုဏ်ပြုပေးခဲ့ကြတာကိုနေရာအနှံအပြားမှာတွေ့ မြင်ရပါတယ်။ဒီလိုဆုတောင်းပေးကြသူတွေထဲမှာ ပြည်သူနဲ့အတူ ယွန်းမီမီကျော်ကလည်းပါဝင်ခဲ့ကြောင်းသူရဲ့အကောင့်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် ယွန်းမီမီရဲ့ပုံလေးတွေကိုဝေမျှပေးရင်း ကျဆုံးသွားတဲ့ သူရဲကောင်းအားလုံး ကောင်းရာသုဂတိလားပါစေဆုတောင်းပေးလိုက်ပါတယ်။