မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့်လည်း ကျည်ထိသွားတဲ့သူကိုသွားကယ်ရင်း အသက်ပေးသွားခဲ့ရတဲ့ တောင်ဒဂုံကဦးပေတိုး

//s9.kh1.co/d3/d37623ba448cff6086b5b0f207c2bf4889332c9d.jpeg
နေ့စဉ်သတင်းများ

 ၀၂-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့်လည်း ကျည်ထိသွားတဲ့သူကိုသွားကယ်ရင်း အသက်ပေးသွားခဲ့ရတဲ့ တောင်ဒဂုံကဦးပေတိုး

လက်ရှိဖြစ်ပေါ်နေတဲ့အရေးကိစ္စတွေမှာဆိုရင် အသက်ပေးသွားရတဲ့သူရဲကောင်းတွေလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။ပြည်သူလူထုကတော့ ကျဆုံးသွားတဲ့သူရဲကောင်းတွေကို အမြဲအောက်မေ့သတိရနေပြီး ကျန်ရစ်သူမိသားစုဝင်တွေကိုလည်း ဂရုစိုက်ပေးကြတာဖြစ်ပါတယ်။မတ်လ(၂၈)ရက်နေ့၊ညပိုင်းမှာ ကျည်ထိသွားတဲ့သူကိုသွားကယ်ရင်း ကျဆုံးသွားတဲ့ တောင်ဒဂုံကဦးပေတိုးဆိုရင် မသန်စွမ်းဖြစ်သော်လည်း အမေအိုကြီးကို Taxiမောင်းပြီး လုပ်ကျွေးပြုစုနေတဲ့ သားလေးတစ်ယောက်ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဦးပေတိုးတို့ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတစ်ဦးကလည်း စိတ်ဓာတ်အရမ်းကောင်းပြီး ရပ်ကွက်ထဲမှာဘာလုပ်လုပ် အားတက်သရောကူညီပေးတတ်တဲ့ ဦးပေတိုးအကြောင်းကို ပြောပြထားသေးတာဖြစ်ပါတယ်။ဦးပေတိုးက မသန်စွမ်းဖြစ်ပေမယ့်လည်း လူထုလှုပ်ရှားမှုတွေမှာဆိုရင် တက်တက်ကြွကြွနဲ့ပါဝင်အားဖြည့်ပေးတာဖြစ်ပါတယ်။လမ်းပေါ်မှာ ကားပိတ်တဲ့Campaign လုပ်တုန်းကဆိုရင်လည်း “ကားတွေရပ်ကြ၊ရပ်ကြဆိုတော့ သူ့ရဲ့ကားကို ထိပ်ဆုံးကနေကန့်လန့်ကြီးရပ်တဲ့ သားဖြစ်သူအကြောင်းကို မိခင်ကပြောပြပြီး ငိုနေခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မသန်စွမ်းတဲ့သားလေးကိုပဲအားကိုးနေရတဲ့ အမေအိုကြီးကတော့ အခုဆိုရင်တစ်ယောက်တည်းပဲကျန်ခဲ့ပြီးအကူအညီလိုအပ်နေတာဖြစ်ပါတယ်။စေတနာရှင်ပြည်သူတချို့ကလည်း ကျန်ရစ်သူမိခင်ကြီးကို စာနာသနားပြီးလိုအပ်သမျှအကူအညီတွေကို တတ်နိုင်သလောက်ထောက်ပံ့ပေးနေကြတာဖြစ်ပါတယ်။ကျဆုံးသူရဲကောင်းဦးပေတိုးရဲ့မိခင်ကြီးကို ကူညီချင်တယ်ဆိုရင်တော့ (09898152212)(09420720257)ကို ဆက်သွယ်မေးမြန်းပြီး လှူဒါန်းလို့ရပါတယ်ဆိုတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T