အနုပညာရှင် မောင်နှမတွေနဲ့အတူ စုပေါင်းကာ အလှူငွေကျပ် ၁၁သိန်းကို မန္တလေးက မီးဘေးသင့်ပြည်သူတွေထံ လှူဒါန်းသွားမယ့် မအေးသောင်း

//s9.kh1.co/a6/a61947036ce828aeb97ef8cd577e60a6ee2f56ea.jpg
အနုပညာရှင်များ

 ၀၁-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ သရုပ်ဆောင် မအေးသောင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ သူမ တတ်နိုင်တဲ့ဘက်ကနေ ကူညီအားဖြည့်နေတဲ့ ​သူတစ်ယောက်ပါ။ မအေးသောင်းက ဒီကနေ့ ဧပြီလ ၁ရက်နေ့မှာတော့ မန္တလေးမြို့က နံသာရွာ တံခွန်တိုင်နွားဘေးမဲ့ခြံမှာ မနက် ၅နာရီလောက်က မီးဘေးသင့်ခဲ့လို့ အိမ်ခြေရာမဲ့ဖြစ်ကာ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေထံ အလှူငွေပေးအပ်လှူဒါန်းဖို့ ပြင်ဆင်နေခဲ့ပါတယ်။ 

Photo credit - Aye Thaung's Facebook Account
Photo credit - Aye Thaung's Facebook Account
Photo credit - Aye Thaung's Facebook Account
Photo credit - Aye Thaung's Facebook Account

သူမကိုယ်တိုင်လည်း အလှူငွေထည့်ဝင်သလို ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ၊ အနုပညာရှင်မောင်နှမတွေနဲ့အတူ စုပေါင်းလှူဒါန်းဖို့အတွက် အလှူငွေကောက်ခံနေတာပဲ ဖြစ်ပါတယ်။ မအေးသောင်းက မကြာသေးတဲ့ နာရီပိုင်းအချိန်လောက်က သူမရဲ့ Facebook Account ထက်မှာ တစ်ရက်ထဲနဲ့ အလှူငွေကျပ် ၁၁သိန်းရရှိခဲ့တဲ့ စရင်းကို တင်ပေးလာခဲ့ပါတယ်။ 

Photo credit - Aye Thaung's Facebook Account
Photo credit - Aye Thaung's Facebook Account
Photo credit - Aye Thaung's Facebook Account
Photo credit - Aye Thaung's Facebook Account

အလှူငွေရရှိခဲ့တဲ့ စရင်းအပြင် မအေးသောင်းက " မီးဘေးအတွက် လှူကြတဲ့အလှူငွေတွေပါ အိမ်ထောင်စု နောက်ဆုံးရထားတဲ့စာရင်း ၁၅၁ စုပါ။ အလှူငွေ စုစုပေါင်း ၁၁ သိန်းတိတိပါရှင့် ပါဝင်လှူဒါန်ကြတဲ့ တစ်ယောက်ချင်းစီတိုင်း ကျေးဇူးတင်ပါတယ်။ သာဓု သာဓု သာဓု ပါရှင့် စာရင်းထဲမှာ ကျန်ခဲ့တဲ့သူရှိရင် လာပြောနိုင်ပါတယ်ရှင့် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားလာခဲ့တာပါ။ အခုလို လိုအပ်နေတဲ့ နေရာတွေမှာ အားတတ်သရော ကူညီလုပ်ဆောင်တ​တ်တဲ့ မအေးသောင်းရဲ့ ပုံတွေနဲ့ စာသားတွေကို ပရိသတ်တွေထံ ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

Photo credit - Aye Thaung's Facebook Account
Photo credit - Aye Thaung's Facebook Account
Photo credit - Aye Thaung's Facebook Account
Photo credit - Aye Thaung's Facebook Account

သတင်း အရင်းအမြစ်Source & Photo credit - Aye Thaung's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T