စားဝတ်နေရေးခက်ခဲနေတဲ့ အိမ်ထောင်စုတွေဆီကို အန္တရာယ်တွေကြားကနေ သွားရောက်ကာ မွန်မြတ်တဲ့အလှူလေးပြုခဲ့တဲ့ စူးရှထက်

//s9.kh1.co/10/104ee723913a5af4a22285439b9c891580042f48.jpeg
အနုပညာရှင်များ

 ၀၁-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.....

ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ စူးရှထက်ကတော့ ခုလတ်တလောမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလထဲကနေ ဒီနေ့ထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို အားတတ်သရောပြုလုပ်ခဲ့သူတစ်ယောက်ပါ။ဒါ့အပြင် အစားအသောက်များကို ကိုယ်တိုင်ချက်ပြုတ်ကာ လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအပြင် ညကင်းစောင့်တဲ့ သူရဲကောင်းတွေကိုလည်း လိုက်ဝေငှလှူဒါန်းရင်း ရရာနေရာကနေ တတ်နိုင်သလောက် ကူညီအားဖြည့်နေတာဖြစ်ပါတယ်။

Photo Credit : Zar Chi Facebook Account
Photo Credit : Zar Chi Facebook Account
Photo Credit : Zar Chi Facebook Account
Photo Credit : Zar Chi Facebook Account

ခုလိုတော်လှန်ရေးကာလကြီးမှာ ပြည်သူတွေနဲ့အတူရပ်တည်ပြီး လိုအပ်တာမှန်သမျှကို တတ်နိုင်သလောက်ပါဝင်ကူညီရင်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် အားလုံးက လေးစားချစ်ခင်နေရတာလည်းဖြစ်ပါတယ် ။ဒါ့အပြင်တိုက်ပွဲမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေဆီကိုလည်း ကိုယ်တိုင်သွားရောက်ကာ အားပေးနှစ်သိမ့်ရင်း အလှူငွေများလှူဒါန်းခဲ့ပါသေးတယ်။

Photo Credit : Zar Chi Facebook Account
Photo Credit : Zar Chi Facebook Account
Photo Credit : Zar Chi Facebook Account
Photo Credit : Zar Chi Facebook Account

စူးရှထက်က ခုဆိုရင်နေ့စဉ်တိုင်းလိုလို စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ နေရာအနှံအပြားက အိမ်ထောင်စုတွေဆီကို အပစ်အခတ်တွေ အန္တရာယ်တွေကြားကနေ ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းမှုတွေပြုလုပ်နေတာကိုလေးစားစွာတွေ့မြင်ရပါတယ်။အခုလည်း မိတ်ဆွေတွေနဲ့ အတူစုပေါင်းပြီး အခက်အခဲဖြစ်နေတဲ့ မိသားစုတွေဆီကို ဆန် ၊ ငါးသေတ္တာနဲ့ မုန့်များစွာကို သွားရောက်လှူဒါန်းခဲ့တာကိုတွေ့ရပါတယ်။ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစိမိသလို လေးစားမိတာကြောင့် ပရိသတ်ကြီးအတွက်ပြန်ဖော်ပြပေးလိုက်ပါရစေ။

Photo Credit : Zar Chi Facebook Account
Photo Credit : Zar Chi Facebook Account
Photo Credit : Zar Chi Facebook Account
Photo Credit : Zar Chi Facebook Account

Source & Photo Credit : Zar Chi Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T