ပြည်သူလူထုကတော့ COVID-19 (First Wave)ကတည်းက ရှိတာလေးတွေကိုချွေတာစားသောက်ကြပြီးအကူအညီလိုအပ်နေသူတွေကိုလည်းကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေရဲ့အချင်းချင်းရိုင်းပင်းကူညီတတ်တဲ့စိတ်ထားလေးက လေးစားဖို့ကောင်းပြီး အားနည်းသူကိုလက်တွဲကူညီပေးကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေကြောင့်လည်း တစ်နေ့လုပ်မှတစ်နေ့စားရမယ့်ပြည်သူတချို့အတွက် အခုချိန်မှာ စားဝတ်နေရေးခက်ခဲနေရတာပဲဖြစ်ပါတယ်။
ပြည်သူတွေကလည်း စားဝတ်နေရေးခက်ခဲနေကြတဲ့သူတွေကို တတ်နိုင်သလောက် ပြန်လည်လှူဒါန်းပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း သာကေတ တက်လမ်းအိမ်ရာအနောက်ဘက်မှာ အိမ်ထောင်စု(၂၀၀)အတွက် စားဝတ်နေရေးခက်ခဲနေကြလို့ စေတနာရှင်ပြည်သူတစ်စုက ကူညီပြီးအလှူငွေကောက်ခံပေးကာ သွားရောက်လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ်။အိမ်ထောင်စု (၂၀၀) ရဲ့နေအိမ်လေးတွေကလည်း အမိုး၊အကာ မလုံခြုံဘဲ အဆင်ပြေသလို နေထိုင်နေရတဲ့အခြေအနေ ဖြစ်ပါတယ်။
ပြည်သူတွေက မိမိတို့ရဲ့စားဝတ်နေရေးအတွက် ကြိုးစားပြီးရုန်းကန်နေကြရတဲ့အချိန်ဖြစ်ပေမယ့်လည်း အခုလိုခက်ခဲနေကြတဲ့သူတွေကိုတွေ့တဲ့အခါ စာနာစိတ်အပြည့်နဲ့ဝိုင်းဝန်းဖေးမပေးကြတာဖြစ်ပါတယ်။အိမ်ထောင်စု(၂၀၀)အတွက် ဆန်၊ဆီ၊ကြက်ဥ စတဲ့အခြေခံစားသောက်ကုန်တွေကိုလည်း လှူဒါန်းလို့လည်းရပါတယ်။လေဖြတ်နေတဲ့အဘွားအိုအပြင် လူမမာတွေအများကြီးရှိတာကြောင့် သူတို့တွေကို တစ်နိုင်တစ်ပိုင်လေးကူညီချင်တယ်ဆိုရင် (09 965528060)ကို ဆက်သွယ်ပြီး မေးမြန်းလှူဒါန်းလို့ရပါတယ်ဆိုတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder