အိမ်ကိုထမင်းပြန်မစားနိုင်တဲ့အတွက် အလှူရှင်တွေလာပေးတဲ့ ခေါက်ဆွဲပြုတ်ဇလုံဘေးမှာဝိုင်းဖွဲ့ပြီး အားရပါးရစားနေကြတဲ့ လူငယ်တစ်စုရဲ့ဗီဒီယို

//s9.kh1.co/eb/eb2c8993637d5fe6c03970e73392f4442051de32.jpg
နေ့စဉ်သတင်းများ

 ၀၁-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အိမ်ကိုထမင်းပြန်မစားနိုင်တဲ့အတွက် အလှူရှင်တွေလာပေးတဲ့ ခေါက်ဆွဲပြုတ်ဇလုံဘေးမှာဝိုင်းဖွဲ့ပြီး အားရပါးရစားနေကြတဲ့ လူငယ်တစ်စုရဲ့ဗီဒီယို

မြန်မာနိုင်ငံက လူငယ်တွေကတော့ လူထုလှုပ်ရှားမှုတွေ စတင်ခဲ့တဲ့အချိန်ကစပြီး ယနေ့အချိန်အထိတိုင်အောင် ကိုယ့်နိုင်ငံအတွက် ကြိုးစားအားထုတ်ပေးနေကြတာ ဖြစ်ပါတယ် ။ လူငယ်တွေက နေ့စဥ်နေ့တိုင်း လမ်းပေါ်ကိုထွက်ပြီး မားမားမတ်မတ် ရပ်တည်ပေးသလို ရဲရင့်တဲ့စိတ်ဓာတ်နဲ့ ပြည်သူတွေကို ကာကွယ်ပေးနေတာလည်း ဖြစ်ပါတယ် ။ ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံကြတဲ့ လူငယ်တွေက အိုင်ဒီယာအသစ်အဆန်းတွေကိုလည်း အမြဲတမ်းစဥ်းစားတတ်ကြပြီး နေ့ရောညပါ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ပြီးခဲ့တဲ့ရက်ကဆိုရင်လည်း တောင်ဒဂုံမြို့နယ်မှာ လူစုခွဲဖြိုခွင်းမှုတွေနဲ့ ကြုံတွေ့ရတာကြောင့် ပြည်သူတစ်ချို့ အသက်ဆုံးရှုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ အန္တရာယ်ရှိနေတဲ့ကြားကနေ ပြည်သူတွေကိုကာကွယ်ဖို့အတွက် အတူရှိပေးခဲ့တဲ့ လူငယ်တွေကတော့ သူတို့ရဲ့နေအိမ်တွေကိုတောင် မပြန်နိုင်ဘဲ လမ်းပေါ်မှာနေခဲ့ရတာ ဖြစ်ပါတယ်။ အိမ်ပြန်ပြီး ထမင်းမစားနိုင်သေးတဲ့ လူငယ်တွေအတွက် စေတနာရှင်တွေကလည်း ခေါက်ဆွဲပြုတ်တွေ ဇလုံကြီးနဲ့ထည့်ပြီး လှူခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

တောင်ဒဂုံမြို့နယ်က လူငယ်တွေကတော့ အလှူရှင်တွေလာပေးတဲ့ ခေါက်ဆွဲပြုတ်တွေကို ဝမ်းသာအားရနဲ့ စားခဲ့ကြတာပဲ ဖြစ်ပါတယ် ။ လူငယ်တွေက ကိုယ့်နိုင်ငံအတွက် တာဝန်ကျေပွန်နေကြတာဖြစ်ပြီး ရှိတာလေးနဲ့ အဆင်ပြေသလို ဝိုင်းဖွဲ့စားသောက်နေကြတာပဲ ဖြစ်ပါတယ်။ ဒီမြင်ကွင်းကို မှတ်တမ်းတင်ခဲ့တဲ့ ပြည်သူတစ်ဦးက "သူတို့ကိုကြည့်ရတာ ဘာစိတ်သောကမှမရှိဘူး ကျွန်တော်တို့ သူတို့တွေအတွက်လိုတာဖြည့်ပေးနိုင်ဖို့ ​ဆက်ကြိုးစားကြရမယ်" ဆိုပြီး ပုံရိပ်တွေနဲ့ ဗီဒီယိုဖိုင်တစ်ခုကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T