ကျည်ဆန်တွေပစ်နေတဲ့ကြားထဲကနေ အသက်အန္တရာယ်ကြုံနေရတဲ့သူကို ရအောင်ကယ်ထုတ်လာခဲ့ကြတဲ့သူရဲကောင်းလူငယ်လေးတွေရဲ့ဗီဒီယို

//s9.kh1.co/5f/5f9fe68f9d5ea665c00812b9a5dacda5078d99a4.jpeg
နေ့စဉ်သတင်းများ

 ၀၁-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကျည်ဆန်တွေပစ်နေတဲ့ကြားထဲကနေ အသက်အန္တရာယ်ကြုံနေရတဲ့သူကို ရအောင်ကယ်ထုတ်လာခဲ့ကြတဲ့သူရဲကောင်းလူငယ်လေးတွေရဲ့ဗီဒီယို

ယခုအချိန်မှာဆိုရင် ပြည်သူလူထုအချင်းချင်းကပဲ အသက်ပေးပြီး ကာကွယ်စောင့်ရှောင်ပေးနေကြတာကြောင့်မြန်မာပြည်သူ၊ပြည်သားတွေရဲ့စိတ်ဓာတ်က လေးစားဖို့ကောင်းနေတာ ဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း အသက်ပေးသွားရပြီဖြစ်တဲ့ သူရဲကောင်းတွေလည်း အခုအချိန်ထိဆိုရင် အယောက် (၃၀၀) ကျော်နေပြီ ဖြစ်ပါတယ်။ပြည်သူလူထုကလည်း ကျဆုံးသူရဲကောင်းတွေ အသက်ပေးသွားရတာနဲ့တန်အောင်လို့ နေ့စဉ်ရက်ဆက် မမောမပန်းနိုင်ဘဲ ဆက်လက်လှုပ်ရှားနေကြဆဲဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

ပြည်သူတွေကတော့ ကျဆုံးသူရဲကောင်းတွေရဲ့ကျန်ရစ်သူမိသားစုတွေကိုလည်း မိမိရဲ့မိသားစုဝင်လိုမျိုးသတ်မှတ်ထားကြတာဖြစ်လို့ စာနာနားလည်မှုအပြည့်နဲ့ အားပေးကူညီနေကြတာဖြစ်ပါတယ်။လူငယ်တွေကလည်းရဲစွမ်းသတ္တိအပြည့်ရှိပြီး စိတ်ဝမ်းမကွဲကြဘဲ စိတ်တူကိုယ်တူနဲ့ လက်ရှိအခြေအနေကို ရင်ဆိုင်ဖြေရှင်းနေကြတာဖြစ်ပါတယ်။တစ်ရက်တုန်းကဆိုရင်လည်း လူငယ်တချို့က လူထုလှုပ်ရှားမှုမှာပါဝင်ရင်းလဲကျသွားတဲ့လူနာကိုကျန်ဆန်တွေပစ်နေတဲ့ကြားကနေ ရအောင်ကယ်ထုတ်လာခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူငယ်တွေက မိမိရဲ့အသက်အန္တရာယ်ကိုဘေးချိတ်ပြီး ပစ်ခတ်နေတဲ့အသံတွေကိုတောင် ဂရုမစိုက်နိုင်ဘဲ လူနာနားကိုအရောက်သွားကာ ပြန်သယ်လာခဲ့ကြတာဖြစ်ပါတယ်။လူငယ်တွေကတော့ အသက်အန္တရာယ်ကြုံနေရတဲ့သူကိုတစ်ယောက်တည်းမထားခဲ့ဘဲ စွန့်လွှတ်စွန့်စားရဲတဲ့စိတ်နဲ့ ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ပြည်သူတွေအချင်းချင်းကသာ ကာကွယ်စောင့်ရှောက်ပေးပြီး ကိုယ်လွတ်မရုန်းသွားတတ်တဲ့စိတ်ဓာတ်တွေကို လေးစားမိရင်း ဗီဒီယိုဖိုင်လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T